သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယားသူပုန်တွေကို လက်နက်ထောက်ပံ့ဖို့ ကန်လွှတ်တော်ဆုံးဖြတ်


အမေရိကန် သမ္မတ ဆီးရီးယားအရေး မိန့်ခွန်းပြော။ (စက်တင်ဘာ ၁၈၊ ၂၀၁၄)။
အမေရိကန် သမ္မတ ဆီးရီးယားအရေး မိန့်ခွန်းပြော။ (စက်တင်ဘာ ၁၈၊ ၂၀၁၄)။

ဆီးရီးယားရဲ့ အလယ်အလတ် ဝါဒီသူပုန်တွေကို လက်နက် တပ်ဆင်ပြီး လေ့ကျင့်ပေးဖို့ သူ့ရဲ့ အစီအစဉ်ကို အမေရိကန်လွှတ်တော်က အတည်ပြုလိုက်တာဟာ IS အစ္စလာမစ်စစ်သွေးကြွအဖွဲ့တွေကို တိုက်ခိုက်သွားဖို့ကိစ္စမှာ အမေရိကန်တွေဟာ တစုတစည်းတည်း ရှိနေတယ် ဆိုတာကို ကမ္ဘာကြီးကို ပြလိုက်တာဖြစ်တယ်လို့ သမ္မတအိုဘားမားက ပြောလိုက်ပါတယ်။

အမေရိကန်တွေဟာ ကြောက်ပြီးတော့ အရှုံးပေးသွားမှာမဟုတ်ဘဲ ၊ အားလုံး တပေါင်းတစည်းတည်းနဲ့ ရပ်တည်သွားမှာဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ အမေရိကန် အထက်လွှတ်တော်မှာ ဥပဒေကြမ်းကို ကြာသာပတေးနေ့က ထောက်ခံမဲ ၇၈ မဲ ကန့်ကွက်မဲ ၂၂ မဲ နဲ့ မဲခွဲဆုံးဖြတ်လိုက်ပြီး သိပ်မကြာခင်မှာ သမ္မတအိုဘားမားက အခုလို ပြောကြားလိုက်တာပါ။ ရီပတ်ဘလစ်ကန်တွေ ထိန်းချုပ်တဲ့ အောက်လွှတ်တော်ကလည်း ဒီအဆိုပြုချက်ကို ဗုဒ္ဓဟူးနေ့မှာ အတည်ပြုပေးခဲ့ပါတယ်။

အကြမ်းဖက်သမားတွေကို တိုက်မယ့် မဟာမိတ်ညွန့်ပေါင်းအဖွဲ့မှာပါဝင်ဖို့ အာရပ်နိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်က ပါဝင်ဖို့ သဘောတူညီခဲ့ကြတယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။

ဒါ့အပြင် အီရတ်နိုင်ငံအတွင်းမှာရှိနေတဲ့ အစ္စလာမ်မစ် အစွန်းရောက်တွေကို လေကြောင်းကနေ တိုက်ခိုက်သွားဖို့ ပြင်သစ်နိုင်ငံက အသင့်ဖြစ်နေပြီလို့ ပြင်သစ်သမ္မတ Francois Hollande အစောပိုင်းက ကြေငြာလိုက်တဲ့အပေါ်မှာ သမ္မတအိုဘားမားက ချီးကျူးလိုက်ပြီး ၊ အကြမ်းဖက်သမားတွေကို တိုက်ခိုက်တဲ့ ကြိုးပမ်းမှုမှာ ပြင်သစ်နိုင်ငံဟာ ခိုင်မာအားကောင်းတဲ့ လုပ်ဖော်ကိုင်ဖက်နိုင်ငံဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ ဆီးရီးယားနိုင်ငံကို ထပ်တိုးပြီးတော့ လေကြောင်းကနေ ဗုံးကြဲသွားမှာမဟုတ်ဘူးလို့ ပြင်သစ်က ပြောလိုက်ပါတယ်။

XS
SM
MD
LG