သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပို့ကုန် ပိတ်ပင်တဲ့ဥပဒေ သက်တမ်းမတိုးနိုင်သေး


အမေရိကန်အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီက နောက်ထပ်သုံးနှစ် သက်တမ်တိုးဖို့ ဆုံးဖြတ်ထားတဲ့ ၂၀၀၃ ခုနှစ် မြန်မာ့ ဒီမိုကရေစီနဲ့ လွတ်မြောက်ရေး အက်ဥပဒေအရ မြန်မာနိုင်ငံက ထုတ်ကုန်တွေ အမေရိကန်နိုင်ငံကို တင်းသွင့်ခွင့် ပိတ်ပင်တဲ့ ဥပဒေဟာ မနေ့က ဇူလိုင် (၂၆) ရက်နေ့က သက်တမ်းကုန်ဆုံးတဲ့ အခြေအနေကို ရောက်ရှိ သွားပါတယ်။

မြန်မာနိုင်ငံက ထုတ်ကုန်တွေ အမေရိကန်ကို တင်းသွင့်ခွင့် ပိတ်ပင်တဲ့ ဥပဒေနဲ့ အာဖရိက ဆင်းရဲတဲ့နိုင်ငံတွက အထည်အဝတ်တွေကို အမေရိကန်ဒေါ်လာ သန်း(၂၀၀) အကောက်ခွန် ကင်းလွတ်ခွင့်ပြုပြီး အမေရိကန်နိုင်ငံကို တင်းသွင့်ခွင့်ပြုတဲ့ ဥပဒေတို့ဟာ တစ်တွဲတည်း (package) နဲ့ ပြဌာန်းခဲ့တဲ့ဥပဒေ ဖြစ်ပြီးတော့ နှစ်စဉ် သက်တမ်း တိုးတဲ့အခါ ဒီဥပဒေနှစ်ရပ်လုံးကို တစ်တွဲတည်း သက်တမ်းတိုးရတာ ဖြစ်ပါတယ်။

နှစ်စဉ် တစ်တွဲတည်း သက်တမ်းတိုးလာခဲ့တာ ဘာပြဿနာမှ မရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ အာဖရိက ဆင်းရဲတဲ့ နိုင်ငံတွေက အထည်အဝတ်တွေကို အခွန်လွတ် အမေရိကန်ကို တင်းသွင့်ခွင့်ပြုတဲ့အခါ ဆုံးရှုံးသွားတဲ့ ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ သန်း (၂၀၀) အစားထိုး ရှာဖွေပေးရမယ့် ကိစ္စကို အထက်လွှတ်တော်မှာ ရီပတ်ဘလီကန်နဲ့ ဒီမိုကရက် အမတ်တွေ ညှိနှိုင်းလို့မရ ဖြစ်ခဲ့ရပါတယ်။

ဒီမိုကရက် အထက်လွှတ်တော်အမတ်တွေက အာဖရိက ဆင်းရဲတဲ့နိုင်ငံတွက အထည်အဝတ်တွေကို အမေရိကန် ဒေါ်လာ သန်း(၂၀၀) ဖိုး အခွန် ကင်းလွတ်ခွင့်ပြုပြီး အမေရိကန်နိုင်ငံကို တင်သွင်း ခွင့် ပြုတဲ့ ဥပဒေကို ဆက်ပြီး သက်တမ်းတိုးလိုပေမယ့် ရီပတ်ဘလီကန် အမတ်တွေကတော့ ကုန်သွယ်ရေး လိုငွေပြမှုနဲ့ အကျုံးဝင်နေတဲ့ ဒီကိစ္စမှာ အမေရိကန်အစိုးရ ဆုံးရှုံးရမယ့် အကောက်ခွန် ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ သန်း(၂၀၀) ကို အစားထိုး ရှာဖွေနိုင်မှ၊ သက်တမ်းတိုးလိုကြပါတယ်။ ဒီဒေါ်လာ သန်း (၂၀၀) ကို ဆယ်နှစ်အတွင်း အလီလီခွဲပြီး ရှာဖွေမယ်လို့ ဒီမိုကရက် အမတ်တွေက ကမ်းလှမ်းတာကို၊ ရီပတ်ဘလီကန်အမတ်တွေက ပယ်ချလိုက်လို့ အထက်လွှတ်တော်မှာ ဒီတစ်တွဲ တည်း ဥပဒေသက်တမ်း ကုန်ဆုံးတဲ့ ဇူလိုင်လ (၂၆)ရက်နေ့က သက်တမ်းမတိုးနိုင် ဖြစ်ခဲ့တာပါ။

မြန်မာနိုင်ငံက ထုတ်ကုန်တွေ အမေရိကန်ကို တင်းသွင်းခွင့် ပိတ်ပင်တဲ့ဥပဒေ သက်တမ်းတိုးဖို့ ကိုတော့ နှစ်ပါတီလုံးရဲ့ အထက်လွှတ် တော်အမတ်တွေက တညီတညွတ်ထဲ သဘောတူခဲ့ကြပါတယ်။ ဒါပေမယ့် ဒီဥပဒေနှစ်ရပ်ကို သပ်သပ်စီ ခွဲပြီး သက်တမ်းတိုးလို့ မရဘဲ အတူတကွ သက်တမ်းတိုး ရမယ့် တစ်တွဲတည်းဥပဒေ ဖြစ်နေတာကြောင့် မြန်မာနိုင်ငံက ထုတ်ကုန်တွေ အမေရိကန်နိုင်ငံကို တင်းသွင်းခွင့် ပိတ်ပင်တဲ့ဥပဒေကိုလည်း သက်တမ်းကုန်တဲ့ ဇူလိုင်(၂၆) ရက်နေ့က သက်တမ်း မတိုးနိုင်ခဲ့ဘဲ ဖြစ်ခဲ့ပါတယ်။

အခုအခါ အမေရိကန်လွှတ်တော်နှစ်ရပ်ဟာ နွေရာသီ အားလပ်ရက်စတင်လိုက်ပြီး စက်တင်ဘာလကုန်၊ ဒီလွှတ်တော် နှစ်ရပ် အစည်း အဝေးတွေ ပြန်လည်စတင်တဲ့အခါမှာမှ ဒီတစ်တွဲတည်း ဥပဒေနှစ်ရပ် သက်တမ်းတိုးရေးကို ပြန်လည် ဆွေးနွေးကြမှာ ဖြစ်တာကြောင့် လောလောဆယ်မှာ မြန်မာနိုင်ငံက ထုတ်ကုန်တွေ အမေရိကန်နိုင်ငံကို တင်သွင်းခွင့် ပိတ်ပင်တဲ့ ဥပဒေနဲ့ အာဖရိက ဆင်းရဲတဲ့နိုင်ငံတွေက အထည်အဝတ်တွေကို အကောက်ခွန်လွတ် အမေရိကန်ကို တင်သွင်းခွင့် ပြုတဲ့ ဥပဒေတို့ဟာ တစ်တွဲတည်း (package)ဟာ သက်တမ်း ကုန်ဆုံးနေပြီ ဖြစ်ပါတယ်။
XS
SM
MD
LG