သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောက်လွှတ်တော်ဥက္ကဌခန့်ဖို့ Paul Ryan ကို Republican တွေ ထောက်ခံ


Wisconsin ပြည်နယ် အောက်လွှတ်တော်အမတ် Paul Ryan ကို အောက်လွှတ်တော်ဥက္ကအဖြစ် ရီပတ်ဘလစ်ကန်အမတ်အများစုက ဗုဒ္ဓဟူးနေ့က ထောက်ခံလိုက်ကြပါတယ်။

တံခါးပိတ်ပြုလုပ်တဲ့ ပါတီအတွင်းစည်းဝေးပွဲအတွင်း ရီပတ်ဘလစ်ကန် အမတ်တွေက အသက် ၄၅ နှစ်အရွယ် Paul Ryan ကို အခု သီတင်းပတ်ကုန်မှာ အနားယူတော့မယ့် John Boehner နေရာမှာ အစားထိုးဖို့ ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်တုန်းက ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်း Mitt Romney နဲ့အတူ ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်ခံဖို့ ကြိုးပမ်းမှုမှာ ရှုံးနိမ့်ခဲ့တဲ့ Paul Ryan က ဥပဒေပြုလုပ်ငန်းတွေမှာ လွှတ်တော်အမတ်တွေကို ပါဝင် ပြောဆိုခွင့်ပေးဖို့ ရည်ရွယ်တယ်လို့ ကွဲပြဲနေတဲ့ ပါတီစည်းဝေးပွဲအတွင်း ကတိပေးသွားခဲ့ပါတယ်။

Paul Ryan အနေနဲ့ ရောမက Caesar ဘုရင်လို နေရာတိုင်းမှာ အာဏာပြလိုတဲ့ လူတန်းစားဖြစ်ဖို့ အစီအစဉ်မရှိတဲ့အကြောင်း မနေ့က အစောပိုင်းမှာ ပြုလုပ်တဲ့ ပါတီစည်းဝေးပွဲ တခုအတွင်း ပြောခဲ့တယ်လို့ ဥပဒေပြုအမတ်တဦးက ကိုးကားပြောဆိုပါတယ်။

Paul Ryan ကို အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရီပတ်ဘလစ်ကန် လူများစုအမတ် ၂၄၇ ဦးတို့က ထောက်ခံပြီးတဲ့နောက် အမတ် ၄၃၅ ဦးရှိတဲ့ အောက်လွှတ်တော်တခုလုံးက ဒီကနေ့မှာ မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

Paul Ryan ဟာ အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် အမေရိကန်ပြည်ထောင်စု နိုင်ငံရေးလောကမှာ လွန်စွာ တန်ခိုးအာဏာကြီးတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်လာမှာပါ။

XS
SM
MD
LG