အမေရိကန်အောက်လွှတ်တော်အမတ် အက်ဒစ် ဘန်းနစ် ဂျွန်ဆန် ဟာ ဒါးလတ်စ်မြို့ရဲ့ အများပါဝင်တဲ့ တက်ဆက်မဲဆန္ဒနယ်မြေမှာ ၁၀ ကြိမ်မြောက် အောက်လွှတ် တော်အမတ် သက်တမ်းကို ထမ်းဆောင်နေသူပါ။ အောက်လွှတ်တော်မှာ တင်မြှောက်ခံရတဲ့ ပထမဆုံးသူနာပြုဆရာမတဦး ဖြစ်သလို သူဟာ ကမ္ဘာငြိမ်းချမ်းရေးအတွက် ကမ္ဘာ့အမျိုးသမီးတွေလို့ခေါ်တဲ့ အကြမ်းမဖက်တဲ့ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ကို မ တည်ခဲ့သူလဲဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ဆင်ဒီ စိန်း ရဲ့ သတင်းပေးပို့ချက်ကို ဒီတပတ် အမျိုးသမီးများ ကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။