သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အောက်လွှတ်တော်အမတ် John Lewis ကွယ်လွန်


John Robert Lewis.
John Robert Lewis.

(Zawgyi / Unicode)

အမေရိကန်မှာ ထင်ရှားတဲ့ ဒီမိုကရက် လွှတ်တော်အမတ်တဦးလည်းဖြစ်၊ အာဖရိကန်-အမေရိကန်တွေရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သူ တဦးလည်းဖြစ်တဲ့ John Robert Lewis သောကြာနေ့က ကွယ်လွန်သွားပါပြီ။ John Lewis ဟာ ပြင်းထန်တဲ့ ပန်ကရိယကင်ဆာရောဂါကို တနှစ်ကြာ ခံစားရပြီးတဲ့နောက် အသက် ၈၀ အရွယ်မှာ ကွယ်လွန်သွားတာပါ။

သူဟာ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေးခေါင်းဆောင် မာတင် လူသာကင်း ဂျူနီယာနဲ့ အသက် ၂၃ နှစ်အရွယ်မှာ စပြီးတော့ အနီးကပ် လက်တွဲလုပ်ဆောင်ခဲ့သူဖြစ်ပြီး ၁၉၅၀ နဲ့ ၆၀ ပြည့်နှစ်တွေက လူမှုအခွင့်အရေး လှုပ်ရှားမှုရဲ့ ထင်ရှားတဲ့ ခေါင်းဆောင်တဦး ဖြစ်ခဲ့သူပါ။

၁၉၆၃ ခုနှစ်၊ သြဂုတ်လ ချီတက်ပွဲမှာ "I Have a Dream" မိန့်ခွန်းကို မာတင်လူသာကင်း ပြောခဲ့တဲ့ အခမ်းအနားအတွင်း အဓိက မိန့်ခွန်းပြောခဲ့သူတွေထဲက နောက်ဆုံး အသက်ရှင်ကျန်ရစ်သူလည်း ဖြစ်ပါတယ်။

သမ္မတဟောင်း Barack Obama က "John ရဲ့ဘဝဟာ နည်းလမ်းများစွာနဲ့ ထူးခြားမှုရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း သူလုပ်ခဲ့တာဟာ ဒီနိုင်ငံက ဘယ်နိုင်ငံသား တဦးဦးမဆို လုပ်ဆောင်ဖွယ်ရှိတာထက် ပိုထူးခြားတယ်လို့ ဘယ်တုန်းကမှ သူ မယုံကြည်ခဲ့ပါဘူး။ ကျနော်တို့အားလုံးမှာ ကြီးမားတဲ့ ရဲစွမ်းသတ္တိရှိပြီး မှန်ကန်တာကို လုပ်ဆောင်ချင်စိတ်၊ လူအားလုံးကို မေတ္တာထားချင်စိတ်၊ ဘုရားသခင်ပေးတဲ့ အခွင့်အရေးတွေကနေ ဂုဏ်သိက္ခာနဲ့ လေးစားခံပိုင်ခွင့်အထိ အားလုံးကို ရရှိခံစားခွင့်ရှိတယ်လို့ သူက ယုံကြည်ခဲ့ပါတယ်" လို့ ချီးကျူးဂုဏ်ပြု ပြောဆိုပါတယ်။

John Lewis ဟာ ၁၉၈၁ ခုနှစ်မှာ အတ္တလန္တာမြို့တော် ကောင်စီဝင်အဖြစ် ရွေးကောက်ခံရပြီးတော့ နိုင်ငံရေးထဲ စဝင်ခဲ့တာပါ။ ၁၉၈၆ ခုနှစ်မှာ အောက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ဂျော်ဂျီယာပြည်နယ် အမှတ် ၅ ခရိုင် မဲဆန္ဒနယ်ကိုယ်စားပြု အောက်လွှတ်တော်အမတ်အဖြစ် သက်တမ်း ၁၇ ကြိမ် ရွေးကောက်ခံခဲ့ရသူ ဖြစ်ပါတယ်။

အမေရိကန် အောက်လွှတ်တော်အမတ် John Lewis ကွယ်လွန်
please wait

No media source currently available

0:00 0:01:33 0:00
တိုက်ရိုက် လင့်ခ်

--------------------------------

(Unicode)







XS
SM
MD
LG