သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္တိုက္ဖ်က္ေရး ကမ႓ာညီလာခံ ကန္ ဦးေဆာင္ က်င္းပမည္


ကိုဗစ္တုိ္က္ဖ်က္ေရး သမၼတဂ်ိဳးဘိုင္ဒန္မိန္႔ခြန္းေျပာၾကား၊ မတ္ ၃၀၊ ၂၀၂၂

Covid-19 ကပ္ေရာဂါအဆုံးသတ္ေရး ႏုိင္ငံတကာရဲ ႔ႀကိဳးပမ္းခ်က္ေတြနဲ႔ အနာဂတ္မွာေပၚေပါက္လာမယ့္ မ်ိဳးဗီဇေျပာင္း ကိုဗစ္ပိုးေတြအတြက္ ဘယ္လိုႀကိဳတင္ျပင္ဆင္ထားမလဲဆိုတာ ေမလ ၁၂ ရက္ေန႔မွာအြန္လုိင္းကေနေဆြးေႏြးမယ့္ ဒုတိယ ညီလာခံကို အေမရိကန္ျပည္ေထာင္စုက ပူးတြဲက်င္းပသြားမယ္္လို႔သမၼတအိမ္ျဖဴေတာ္ကေၾကျငာပါတယ္။

(Zawgyi/Unicode)

Covid-19 ကပ္ေရာဂါအဆုံးသတ္ေရး ႏုိင္ငံတကာရဲ ႔ႀကိဳးပမ္းခ်က္ေတြနဲ႔ အနာဂတ္မွာေပၚေပါက္လာမယ့္ မ်ိဳးဗီဇေျပာင္း ကိုဗစ္ပိုးေတြအတြက္ ဘယ္လိုႀကိဳတင္ျပင္ဆင္ထားမလဲဆိုတာ ေမလ ၁၂ ရက္ေန႔မွာအြန္လုိင္းကေနေဆြးေႏြးမယ့္ ဒုတိယ ညီလာခံကို အေမရိကန္ျပည္ေထာင္စုက ပူးတြဲက်င္းပသြားမယ္္လို႔သမၼတအိမ္ျဖဴေတာ္ကေၾကျငာပါတယ္။ အုိမီခရြန္လို မ်ိဳးဗီဇေျပာင္းပိုးသစ္ေတြကူးစက္ျပန္႔ႏွံ႔လာတာေၾကာင့္ ကမၻာတ၀ွမ္း ကိုဗစ္ပိုးကူးစက္မႈ ထိန္းခ်ဳပ္ေရးမဟာဗ်ဴဟာခ်မွတ္ဖို႔အေရး တႀကီးလိုအပ္လာေနၿပီလို႔ ၅ ႏုိင္ငံပူးတြဲထုတ္ျပန္တဲ့ အိမ္ျဖဴေတာ္ရဲ႔ေၾကျငာခ်က္မွာ ေျပာထားပါတယ္။ ႏုိင္ငံေပါင္း ၂၀ နဲ႔ဖြဲ႔စည္းထားတဲ့ CARICON Caribbean Community ဥကၠဌ Belize၊ G-7 စက္မႈထိ္ပ္သီး ၇ ႏုိင္ငံလက္ရွိ ဥကၠဌ ဂ်ာမဏီ၊ စက္မႈအင္အားႀကီး ႏုိင္ငံ ၂၀ G-20 လက္ရွိဥကၠဌ အင္ဒိုနီးရွား၊ အာဖရိကန္သမဂၢဥကၠဌ Senegal တို႔နဲ႔အတူ အေမရိကန္ႏုိင္ငံက ကိုဗစ္ တုိက္ဖ်က္ေရးထိပ္သီးညီလာခံကို ပူးတြဲက်င္းပမွာျဖစ္ပါတယ္။

ကိုဗစ္ပိုးတေက်ာ့ျပန္ကူးစက္ျပန္႔ႏွံ႔လာေနၿပီး တရုတ္ႏုိင္ငံကတင္းၾကပ္တဲ့ ကန္႔သတ္ခ်က္ေတြျပန္ၿပီးခ်မွတ္ေနခ်ိန္မွာ ဒီညီလာခံက်င္းပဖို႔ ျဖစ္လာတာပါ။ အေမရိကန္ႏုိင္ငံမွာလည္း BA.2 ကိုဗစ္မ်ိဳးကြဲသစ္ကူးစက္မႈတိုးလာေနတဲ့အတြက္ Philadelphia ၿမိဳ႔မွာ အေဆာက္အအုံေတြထဲ မျဖစ္မေန ႏွာေခါင္းစည္းတပ္ဖို႔အမိန္႔ေတြ ပထမဆုံး ျပန္လည္ခ်မွတ္ထားပါတယ္။ ႏုိင္ငံတကာပူးေပါင္းေဆာင္ရြက္မႈအားနဲ႔ ကိုဗစ္ကပ္ေရာဂါကို တုိ္က္ဖ်က္ဖို႔ တုိ္က္တြန္းခဲ့တဲ့ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က ပထမဆုံး ကိုဗစ္ညီလာခံကို ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလမွာ ဖိတ္ေခၚက်င္းပခဲ့တာျဖစ္ပါတယ္။ အဲဒီညီလာခံက်င္းပၿပီး သိပ္မၾကာခင္မွာပဲ Delta နဲ႔ Omicron မ်ိဳးကြဲသစ္ေတြ ကူးစက္ျပန္႔နွံ႔လာခဲ့တာလည္းျဖစ္ပါတယ္။

(Unicode)

Covid-19 ကပ်ရောဂါအဆုံးသတ်ရေး နိုင်ငံတကာရဲ့ကြိုးပမ်းချက်တွေနဲ့ အနာဂတ်မှာပေါ်ပေါက်လာမယ့် မျိုးဗီဇပြောင်း ကိုဗစ်ပိုးတွေအတွက် ဘယ်လိုကြိုတင်ပြင်ဆင်ထားမလဲဆိုတာ မေလ ၁၂ ရက်နေ့မှာအွန်လိုင်းကနေဆွေးနွေးမယ့် ဒုတိယ ညီလာခံကို အမေရိကန်ပြည်ထောင်စုက ပူးတွဲကျင်းပသွားမယ်လို့သမ္မတအိမ်ဖြူတော်ကကြေငြာပါတယ်။ အိုမီခရွန်လို မျိုးဗီဇပြောင်းပိုးသစ်တွေကူးစက်ပြန့်နှံ့လာတာကြောင့် ကမ္ဘာတဝှမ်း ကိုဗစ်ပိုးကူးစက်မှု ထိန်းချုပ်ရေးမဟာဗျူဟာချမှတ်ဖို့အရေး တကြီးလိုအပ်လာနေပြီလို့ ၅ နိုင်ငံပူးတွဲထုတ်ပြန်တဲ့ အိမ်ဖြူတော်ရဲ့ကြေငြာချက်မှာ ပြောထားပါတယ်။ နိုင်ငံပေါင်း ၂၀ နဲ့ဖွဲ့စည်းထားတဲ့ CARICON Caribbean Community ဥက္ကဌ Belize၊ G-7 စက်မှုထိပ်သီး ၇ နိုင်ငံလက်ရှိ ဥက္ကဌ ဂျာမဏီ၊ စက်မှုအင်အားကြီး နိုင်ငံ ၂၀ G-20 လက်ရှိဥက္ကဌ အင်ဒိုနီးရှား၊ အာဖရိကန်သမဂ္ဂဥက္ကဌ Senegal တို့နဲ့အတူ အမေရိကန်နိုင်ငံက ကိုဗစ် တိုက်ဖျက်ရေးထိပ်သီးညီလာခံကို ပူးတွဲကျင်းပမှာဖြစ်ပါတယ်။

ကိုဗစ်ပိုးတကျော့ပြန်ကူးစက်ပြန့်နှံ့လာနေပြီး တရုတ်နိုင်ငံကတင်းကြပ်တဲ့ ကန့်သတ်ချက်တွေပြန်ပြီးချမှတ်နေချိန်မှာ ဒီညီလာခံကျင်းပဖို့ ဖြစ်လာတာပါ။ အမေရိကန်နိုင်ငံမှာလည်း BA.2 ကိုဗစ်မျိုးကွဲသစ်ကူးစက်မှုတိုးလာနေတဲ့အတွက် Philadelphia မြို့မှာ အဆောက်အအုံတွေထဲ မဖြစ်မနေ နှာခေါင်းစည်းတပ်ဖို့အမိန့်တွေ ပထမဆုံး ပြန်လည်ချမှတ်ထားပါတယ်။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအားနဲ့ ကိုဗစ်ကပ်ရောဂါကို တိုက်ဖျက်ဖို့ တိုက်တွန်းခဲ့တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပထမဆုံး ကိုဗစ်ညီလာခံကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ဖိတ်ခေါ်ကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီညီလာခံကျင်းပပြီး သိပ်မကြာခင်မှာပဲ Delta နဲ့ Omicron မျိုးကွဲသစ်တွေ ကူးစက်ပြန့်နှံ့လာခဲ့တာလည်းဖြစ်ပါတယ်။

XS
SM
MD
LG