သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် IS ကို ငွေကြေးထောက်ပံ့သူ အမေရိကန် အရေးယူ


FILE - Afghan security forces take part in an ongoing operation against Islamic State militants in the Achin district of Nangarhar province, Nov. 25, 2019.
FILE - Afghan security forces take part in an ongoing operation against Islamic State militants in the Achin district of Nangarhar province, Nov. 25, 2019.

အာဖဂန်နစ်စတန်မှာရှိတဲ့ အိုင်အက်စ် စစ်သွေးကြွအဖွဲ့ IS Khorasan ထိပ်ပိုင်းခေါင်းဆောင် တချို့နဲ့ နိုင်ငံရပ်ခြားက တိုက်ခိုက်ရေးသမားတွေ ပါလာပြီး အဖွဲ့အင်အားတောင့်လာအောင် ငွေကြေး ထောက်ပံ့ပေးနေသူတွေကို အမေရိကန်က ပစ်မှတ်ထား အရေးယူနေပါတယ်။

အိုင်အက်စ် Khorasan အဖွဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေ ဖြစ်တဲ့ Sa naullah Gha fari ၊Sultan Aziz A zam နဲ့ Mau lawi Rajab တို့ကို အမေရိကန် နိုင်ငံခြားရေးဌာနက တနင်္လာနေ့မှာ SDFT - ကမ္ဘာ့အကြမ်းဖက်သမားများအဖြစ် အထူးသတ်မှတ်ပြီး အရေးယူ ဒဏ်ခတ်လိုက်ပါတယ်။

အခုလို သတ်မှတ်လိုက်တာကြောင့် သူတို့အပြင် သူတို့နဲ့ ဆက်နွယ်နေသူတွေကို အမေရိကန်ငွေကြေးစံနစ်နဲ့ ဆက်သွယ်မှုတွေ၊ ငွေရလမ်းတွေကို အမေရိကန်က ပိတ်ပင်တားဆီးနိုင်တော့မှာ ဖြစ်ပါတယ်။

၂၀၂၀ မေလထဲ အိုင်အက်စ် Khorasan အဖွဲ့ခေါင်းဆောင်ဟောင်းကို အာဖဂန်အစိုးရ ဖမ်းဆီးခဲ့ချိန်ကစပြီး Sa naullah Gha fari ခေါ် Shahab al-Mu hajir က ဒီအဖွဲ့ကို ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကာဘူးလ်ဒေသတဝိုက် ဦးဆောင်လှုပ်ရှားသူ ဖြစ်ကြောင်း ကုလသမဂ္ဂ အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ အရာရှိတွေက ဒီနှစ်အစောပိုင်းကတည်းက သတင်းအချက်လက် မျှဝေခဲ့တာပါ။

အမေရိကန ် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း Ismat ullah Kha lozai အာဖဂန်က အိုင်အက်စ်အကြမ်းဖက်အဖွဲ့ အတွက် ထိပ်တန်း ငွေကြေးထောက်ပံ့သူ အဖြစ် ဖေါ်ပြပြီး တနင်္လာနေ့မှာပဲ အရေးယူဒဏ်ခတ်ခဲ့ပါတယ်။

၂၀၂၀ ပထမနှစ်ဝက်လောက်မှာ အမေရိကန်နဲ့ တာလီဘန်တွေက အိုင်အက်စ် စစ်သွေးကြွတွေကို သူတို့ခြေကုပ်ယူထားတဲ့ နယ်မြေတွေကနေ မောင်းထုတ်ခဲ့ ပေမယ့် ပြီးခဲ့တဲ့ သြဂုတ်လ အမေရိကန်တပ်တွေ အာဖဂန်ကနေ ပြန်ဆုတ်ခွါခဲ့ချိန်ကစပြီး အိုင်အက်စ် Khirasan အဖွဲ့ ပြန်လည် ခေါင်းထောင်လာတာ ဖြစ်ပါတယ်။

အခုအာဖဂန်နစ်စတန် နိုင်ငံရဲ့ ပြည်နယ် အားလုံးလောက်နီးနီးမှာ အိုင်အက်စ် Khorasan အဖွဲ့တွေ ပြန်လှုပ်ရှားလာနေတယ်လို့ အာဖဂန်နစ်စတန်နိုင်ငံမှာ ရှိတဲ့ ကုလ ထိပ်တန်းသံတမန်က ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သတိပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------









XS
SM
MD
LG