သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြကျောင်းသားတွေအပေါ် အရေးယူမှု မြန်မာကို အမေရိကန် ဝေဖန်

လက်ပံတန်းတရားရုံးသို့ ရုံးထုတ်အသွား အချုပ်ကားပေါ် တွင် တွေ့ရသည့် အဖမ်းခံ ဆန္ဒပြ ကျောင်းသားများ။ မတ် ၁၁၊ ၂၀၁၅။
လက်ပံတန်းတရားရုံးသို့ ရုံးထုတ်အသွား အချုပ်ကားပေါ် တွင် တွေ့ရသည့် အဖမ်းခံ ဆန္ဒပြ ကျောင်းသားများ။ မတ် ၁၁၊ ၂၀၁၅။

မြန်မာနိုင်ငံမှာ ပညာရေးဥပဒေပြင်ဆင်ရေးဆန္ဒပြခဲ့ရင်း ဖမ်းဆီးခံထားရတဲ့ ကျောင်းသူကျောင်းသားတွေကို အာဏာပိုင်တွေက ရာဇဝတ်မှု ပုဒ်မတွေနဲ့စွဲချက်တင်လိုက်တဲ့အပေါ် စိုးရိမ်မကင်းဖြစ်မိကြောင်း အမေရိကန်ပြည်ထောင်စုကပြောလိုက်ပါတယ်။ ဒါ့အပြင် ရန်ကုန်နဲ့ လက်ပံတန်းတို့မှာဖြစ်ခဲ့တဲ့ဆန္ဒပြပွဲတွေအပေါ် အကြမ်းဖက်နှိမ်နှင်းခဲ့တဲ့ဖြစ်ရပ်တွေကို တရားနည်းလမ်းတကျနဲ့ဘက်လိုက်မှုကင်းတဲ့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့ မြန်မာအစိုးရကို တောင်းဆိုကြောင်း မတ်လ (၃၀) ရက်နေ့မှာ ထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

လက်ပံတန်းမြို့မှာ အကြမ်းဖက်ဖြိုခွဲခံခဲ့ရတဲ့ ဒီမိုကရေစီပညာရေးသပိတ်မှာ ပါဝင်သူတွေကို ပြီးခဲ့တဲ့သတင်းပတ်ထဲမှာ အစိုးရက ရာဇဝတ်မှု ပုဒ်မတွေနဲ့ စွဲချက်တင်လိုက်တာကို အမေရိကန်နိုင်ငံခြားရေးဌာနက ကန့်ကွက်လိုက်ပါတယ်။ ပညာရေးဥပဒေပြင်ဆင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အခုလိုမျိုးစွဲချက်တင်လိုက်တာကိုလည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ စိုးရိမ်မကင်းဖြစ်ကြောင်း၊ သူတို့ကိုချက်ချင်း လွှတ်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီးက အခုလိုပြောပါတယ်။

“အမျိုးသားပညာရေးဥပဒေပြင်ဆင်နိုင်ရေးအတွက် လှုပ်ရှားဆောင်ရွက်မှုတွေမှာ ပါဝင်ခဲ့ကြတဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ်မှာ မြန်မာအစိုးရက ရာဇဝတ်ပြစ်မှုနဲ့ စွဲချက်တွေတင်ခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်မှုနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ စိုးရိမ်မကင်းဖြစ်ပါတယ်။ ငြိမ်းချမ်းစွာစုဝေးပိုင်ခွင့်ဆိုတဲ့အခွင့်အရေးတွေကို ကျင့်သုံးခဲ့တဲ့အတွက် နိုင်ငံအတွင်းမှာ ဖမ်းဆီးခံထားရသူတွေ အားလုံးကို ချက်ခြင်းနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုပါတယ်။ နိုင်ငံအတွင်းမှာ လူမှုရေးတည်ငြိမ်မှု၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် မြန်မာအစိုးရက ထုတ်ဖော်ပြောကြားခဲ့တဲ့ ဦးတည်ချက်တွေ ဖော်ဆောင်ရေးမှာ ထင်သာမြင်သာရှိမှု၊ တာဝန်ယူတတ်မှုနဲ့ တရားနည်းလမ်းတကျ ဖြစ်နိုင်မှုတို့က အရေးကြီးလှပါတယ်။”

သာယာဝတီထောင်မှာ ထိန်းသိမ်းထားတဲ့ လက်ပံတန်းက ကျောင်းသားသပိတ်စစ်ကြောင်းမှာပါဝင်သူ (၆၅) ဦးကို လက်ပံတန်းမြို့မှာ မတ်လ (၂၅) ရက်နေ့က ရုံးထုတ်ခဲ့ပြီး တရားလိုအဖြစ် ရဲအာဏာပိုင်တွေဘက်ကနေ လူစုခွဲဖို့ ငြင်းဆန်မှု၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု၊ ဆူပူ အုံကြွစေမှု၊ နိုင်ငံ့ဝန်ထမ်းတွေကိုစော်ကားမှုစတဲ့ပုဒ်မတွေနဲ့ စွဲချက်တင်ခဲ့တာပါ။

မတ်လ (၅) ရက်နဲ့ (၁၀) ရက် နေ့တွေက ပညာရေးဥပဒေပြင်ဆင်ရေးငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကို ရဲအာဏာပိုင်တွေ၊ တာဝန်တံဆိပ် လက် ပတ်နီ ဝတ်ထားသူတွေက ကျောင်းသူတွေအပါအဝင် ဆန္ဒပြသူတွေကို အင်အားသုံးချုပ်နှောင်ဖမ်းဆီးပြီး နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ဖြိုခွင်း ခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးအရေးယူပေးဖို့ မြန်မာအစိုးရကို အမေရိကန်ကတိုက်တွန်းကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။

“မတ်လ ၅ ရက်နဲ့ ၁၀ ရက်နေ့တွေတုန်းက ဖြစ်ရပ်တွေနဲ့ပတ်သက်လို့ ဘက်လိုက်မှုကင်းပြီး ယုံကြည်ကိုးစားမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်ဖို့ အမေရိကန်ပြည်ထောင်စုက အလေးအနက်တိုက်တွန်းပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုတွေကို အရပ်ဘက်လူ့အဖွဲ့အစည်းနဲ့ ပူးတွဲဆောင်ရွက်ဖို့ လိုအပ်ပြီး အင်အားအလွန်အကျွံအသုံးပြုခဲ့တဲ့ လုံခြုံရေးတပ်တွေအပါအဝင် အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်ခဲ့ကြသူတွေ အားလုံးကို အရေးယူပေးဖို့ တိုက်တွန်းပါတယ်။ ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး ပြစ်မှုကျူးလွန်သူတွေကို ဥပဒေအရ အရေးယူနိုင်မှသာ နိုင်ငံအတွင်း အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအပြင် စိတ်ဝမ်းကွဲမှုတွေ မနက်ရှိုင်းစေရေး စတဲ့ ဦးတည်ချက်တွေကို ဖော်ဆောင်ရာမှာ တိုးတက်မှုရရှိမှာ ဖြစ်ပါတယ်။”

ဒီအတောအတွင်း နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂဌာနချုပ်က တာဝန်ရှိသူတွေနဲ့တွေ့ဆုံဖို့ နယူးရောက်မြို့ကိုရောက်နေတဲ့ လူ့အခွင့်အရေး ရှေ့နေကြီးဦးအောင်သိန်းကလည်း လက်ပံတန်းကျောင်းသားသပိတ် အပါအဝင် လက်ပံတောင်းက တောင်သူတွေရဲ့ ဆန္ဒပြပွဲတွေကို အစိုးရက နှိမ်နှင်းဖြိုခွဲရာမှာ တရားဥပဒေနဲ့ကိုက်ညီမှုမရှိကြောင်း တင်ပြဆွေးနွေးဖို့ရှိတယ်လို့ ပြောပါတယ်။

“လတ်တလော ပူပူနွေးနွေးဖြစ်နေတဲ့ အဲဒီလက်ပံတောင်းတောင် ကိစ္စနဲ့ ဒေါ်ခင်ဝင်းပေါ့လေ - အဲဒီကိစ္စနှစ်ခုရယ်၊ နောက်ဆုံးအခု လက်ပံတန်းမြို့နယ်မှာဖြစ်တဲ့ ပညာရေးပြုပြင်ပြောင်းလဲရေး ကျောင်းသားတွေကိစ္စ - အဲဒါတွေကို ကျနော်တို့ တင်ပြဆွေးနွေးကြတယ်ခင်ဗျ။ ကျနော်တို့ တင်ပြဆွေးနွေးတဲ့အချက်အလက်တွေမှာ ကျနော်တို့က အာဏာပိုင်တွေရဲ့ မတရားပြုကျင့်မှုတွေ လုပ်နေတယ်။ ကျနော်တို့ဆီမှာက နိုင်ငံ့အကြီးအကဲ သမ္မတကိုယ်တိုင်က ယခု လက်ပံတန်းမြို့နယ်မှာ ဖြစ်တဲ့ အဖြစ်အပျက်ဟာ ဥပဒေနဲ့ညီညွတ်ပါတယ်လို့ ပြောနေတဲ့အချက်အလက်တွေဟာ ကျနော်တို့ လုံး၀ လက်မခံနိုင်တဲ့အချက်အလက်တွေဖြစ်တယ်ဆိုတာကိုလည်း ကျနော်တို့ ပြောဆို ဆွေးနွေးခဲ့တာတွေ ရှိတယ်။”

ရှေ့နေကြီးဦးအောင်သိန်းနဲ့အတူ မြန်မာအာဏာပိုင်တွေကို ပြန်ပြီးတရားစွဲဆိုထားတဲ့ မီးလောင်ဒဏ်ရာရခဲ့တဲ့ ဆရာတော်ဦးတိက္ခဉာဏလည်း နယူးရောက်မြို့ကိုရောက်ရှိနေတာပါ။

လက်ရှိမြန်မာနိုင်ငံမှာ ပညာရေးဥပဒေပြင်ဆင်ဖို့ တောင်းဆိုနေတဲ့ကျောင်းသားတွေရဲ့လှုပ်ရှားမှုကို ဥရောပသမဂ္ဂက အနီးကပ် စောင့်ကြည့် နေပြီး လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာစုဝေးခွင့် ကိုလေးစားဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က ဂျီနီဗာမှာကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ဥရောပသမဂ္ဂ ကိုယ်စားလှယ်က ပြောသွားပါတယ်။

မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

လက်ပံတန်းမြို့မှာ အကြမ်းဖက်ဖြိုခွဲခံခဲ့ရတဲ့ ဒီမိုကရေစီပညာရေးသပိတ်မှာ ပါဝင်သူတွေကို ပြီးခဲ့တဲ့သတင်းပတ်ထဲမှာ အစိုးရက ရာဇဝတ်မှု ပုဒ်မတွေနဲ့ စွဲချက်တင်လိုက်တာကို အမေရိကန်နိုင်ငံခြားရေးဌာနက ကန့်ကွက်လိုက်ပါတယ်။ ပညာရေးဥပဒေပြင်ဆင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အခုလိုမျိုးစွဲချက်တင်လိုက်တာကိုလည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ စိုးရိမ်မကင်းဖြစ်ကြောင်း၊ သူတို့ကိုချက်ချင်း လွှတ်ပေးဖို့အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီးက အခုလိုပြောပါတယ်။

“အမျိုးသားပညာရေးဥပဒေပြင်ဆင်နိုင်ရေးအတွက် လှုပ်ရှားဆောင်ရွက်မှုတွေမှာ ပါဝင်ခဲ့ကြတဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ်မှာ မြန်မာအစိုးရက ရာဇဝတ်ပြစ်မှုနဲ့ စွဲချက်တွေတင်ခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်မှုနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ စိုးရိမ်မကင်းဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ စုဝေးပိုင်ခွင့်ဆိုတဲ့အခွင့်အရေးတွေကို ကျင့်သုံးခဲ့တဲ့အတွက် နိုင်ငံ အတွင်းမှာ ဖမ်းဆီးခံထားရသူတွေ အားလုံးကို ချက်ခြင်းနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုပါတယ်။ နိုင်ငံအတွင်းမှာ လူမှုရေး တည်ငြိမ်မှု၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် မြန်မာအစိုးရက ထုတ်ဖော်ပြောကြားခဲ့တဲ့ ဦးတည်ချက်တွေ ဖော်ဆောင်ရေးမှာ ထင်သာမြင်သာရှိမှု၊ တာဝန်ယူတတ်မှုနဲ့ တရားနည်းလမ်းတကျ ဖြစ်နိုင်မှုတို့က အရေးကြီးလှပါတယ်။”

သာယာဝတီထောင်မှာ ထိန်းသိမ်းထားတဲ့ လက်ပံတန်းက ကျောင်းသားသပိတ်စစ်ကြောင်းမှာပါဝင်သူ (၆၅)ဦးကို လက်ပံတန်းမြို့မှာ မတ်လ (၂၅) ရက်နေ့က ရုံးထုတ်ခဲ့ပြီး တရားလိုအဖြစ် ရဲအာဏာပိုင်တွေဘက်ကနေ လူစုခွဲဖို့ ငြင်းဆန်မှု၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု၊ ဆူပူ အုံကြွစေမှု၊ နိုင်ငံ့ဝန်ထမ်းတွေကိုစော်ကားမှုစတဲ့ပုဒ်မတွေနဲ့ စွဲချက်တင်ခဲ့တာပါ။

မတ်လ (၅) ရက်နဲ့ (၁၀) ရက် နေ့တွေက ပညာရေးဥပဒေပြင်ဆင်ရေးငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကို ရဲအာဏာပိုင်တွေ၊ တာဝန်တံဆိပ် လက် ပတ်နီ ဝတ်ထားသူတွေက ကျောင်းသူတွေအပါအဝင် ဆန္ဒပြသူတွေကို အင်အားသုံးချုပ်နှောင်ဖမ်းဆီးပြီး နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ဖြိုခွင်း ခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေကိုစုံစမ်းစစ်ဆေးအရေးယူပေးဖို့ မြန်မာအစိုးရကို အမေရိကန်ကတိုက်တွန်းကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။

“မတ်လ ၅ ရက်နဲ့ ၁၀ ရက်နေ့တွေတုန်းက ဖြစ်ရပ်တွေနဲ့ပတ်သက်လို့ ဘက်လိုက်မှုကင်းပြီး ယုံကြည်ကိုးစားမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်ဖို့ အမေရိကန်ပြည်ထောင်စုက အလေးအနက်တိုက်တွန်းပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုတွေကို အရပ်ဘက်လူ့အဖွဲ့အစည်းနဲ့ ပူးတွဲဆောင်ရွက်ဖို့ လိုအပ်ပြီး အင်အားအလွန်အကျွံအသုံးပြုခဲ့တဲ့ လုံခြုံရေးတပ်တွေအပါအဝင် အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်ခဲ့ကြသူတွေ အားလုံးကို အရေးယူပေးဖို့ တိုက်တွန်းပါတယ်။ ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး ပြစ်မှုကျူးလွန်သူတွေကို ဥပဒေအရ အရေးယူနိုင်မှသာ နိုင်ငံအတွင်း အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအပြင် စိတ်ဝမ်းကွဲမှုတွေ မနက်ရှိုင်းစေရေး စတဲ့ ဦးတည်ချက်တွေကို ဖော်ဆောင်ရာမှာ တိုးတက်မှုရရှိမှာ ဖြစ်ပါတယ်။”

ဒီအတောအတွင်းနိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂဌာနချုပ်က တာဝန်ရှိသူတွေနဲ့တွေ့ဆုံဖို့ နယူးရောက်မြို့ကိုရောက်နေတဲ့လူ့အခွင့်အရေး ရှေ့နေကြီးဦးအောင်သိန်းကလည်းလက်ပံတန်းကျောင်းသားသပိတ် အပါအဝင် လက်ပံတောင်းက တောင်သူတွေရဲ့ ဆန္ဒပြပွဲတွေကို အစိုးရက နှိမ်နှင်းဖြိုခွဲရာမှာ တရားဥပဒေနဲ့ကိုက်ညီမှုမရှိကြောင်း တင်ပြဆွေးနွေးဖို့ရှိတယ်လို့ ပြောပါတယ်။

XS
SM
MD
LG