သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-ကျုးဘား သံတမန်ဆက်ဆံရေး ပြန်လည်စတင်


အမေရိကန် (ယာ) နဲ့ ကျူးဘား (ဝဲ) နိုင်ငံတော်အလံများ။
အမေရိကန် (ယာ) နဲ့ ကျူးဘား (ဝဲ) နိုင်ငံတော်အလံများ။

နှစ် ၅၀ ကျော် တနိုင်ငံနဲ့တနိုင်ငံကြား ရန်လိုနေခဲ့ကြတဲ့ အမေရိကန်နဲ့ ကျူးဘားနိုင်ငံတို့ဟာ ဒီကနေ့ တနင်္လာနေ့ အမေရိကန်စံတော်ချိန် ည ၁၂ နာရီ ကျော်မှာပဲ သံတမန်ဆက်ဆံရေး အပြည့်အဝ ပြန်လည် တည်ဆောက်လိုက်ကြပြီ ဖြစ်ပါတယ်။

အဲဒီနောက် နာရီပိုင်းအကြာ အရုဏ်မတိုင်ခင်မှာ အမေရိကန်နဲ့ သံတမန်ဆက်ဆံရေး ထားရှိတဲ့ နိုင်ငံတွေက အလံတွေနဲ့အတူ ဖြူ၊ နီ၊ ပြာ အရောင်သုံးမျိုးနဲ့ ကျူးဘားအလံကိုလည်း အမေရိကန် နိုင်ငံခြားရေးဝန်းကြီးဌာနမှာ လွှင့်ထူလိုက်ပါတယ်။

အခုဆိုရင် အမေရိကန်နဲ့ကျူးဘား နှစ်နိုင်ငံစလုံးမှာ သံရုံးတွေကိုလည်း အပြည့်အဝ ပြန်လည် ဖွင့်လှစ် လိုက်ကြပြီဖြစ်ပါတယ်။ အမေရိကန်သမ္မတဟောင်း ဂျွန်ကနေဒီ အစိုးရလက်ထက်မှာ သံတမန်ရေး အဆက်အသွယ်တွေ ပြတ်တောက်သွားခဲ့ပြီးတဲ့နောက် နှစ်ပေါင်း ၅၀ ကြာမှ အခုလို သမိုင်းဝင် သံတမန် ဆက်ဆံမှုတွေ ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ဝါရှင်တန်မြို့တော်မှာ ကျူးဘားသံရုံးဖွင့်ပွဲ အခမ်းအနားကို ကျူးဘားနိုင်ငံခြားရေးဝန်ကြီး Bruno Rodriguez Parrilla အပါအဝင် ကျူးဘား အရာရှိတွေဟာ ဒီကနေ့မှာ တက်ရောက်ကြမှာပါ။ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်နိုင်ရေး စေ့စပ်ညှိနှိုင်းမှုတွေမှာ အဓိက နေရာကနေပါဝင်ခဲ့တဲ့ အမေရိကန် ကမ္ဘာ့အနောက်ခြမ်း နိုင်ငံများရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Roberta Jacobson လည်း ဒီအခမ်းအနားကို တက်ရောက်မှာ ဖြစ်ပါတယ်။ ဒီကနေ့မှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း ကျူးဘား နိုင်ငံခြားရေးဝန်ကြီး Parrilla ကို တရားဝင် လက်ခံတွေ့ဆုံမှာဖြစ်ပြီး အဲဒီနောက် ပူးတွဲ သတင်းစာရှင်းလင်းပွဲတရပ်လည်း ပြုလုပ်သွားမှာဖြစ်ပါတယ်။

XS
SM
MD
LG