သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂ နိုင်ငံ ပုံမှန် လေကြောင်းလိုင်း ပြေးဆွဲဖို့ ကန်နဲ့ ကျူ းဘား သဘောတူ


အမေရိကန်-ကျူးဘား သံတမန်ဆက်ဆံရေး။
အမေရိကန်-ကျူးဘား သံတမန်ဆက်ဆံရေး။

အမေရိကန်ပြည်ထောင်စုနဲ့ ကျူဘား နိုင်ငံကြား သံတမန် ဆက်ဆံရေးပြန်လည် ထူထောင်ခဲ့တဲ့ တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံ ပုံမှန် ခရီးစဉ် လေကြောင်းပြေးဆွဲဖို့ သဘောတူညီမှု ရခဲ့ကြပါတယ်။

နှစ်နိုင်ငံကြား ပုံမှန်အပြည့်အ၀ ဆက်ဆံရေးအတွက်တော့ အချိန်တွေ ကြာမြင့် ဦးမှာဖြစ်တယ် လို့ အမေရိကန်သမ္မတ အိုဘားမားကပြောပါတယ်။ ဒါပေမဲ့ ကျုးဘားနိုင်ငံ ထဲကို အမေရိကန်တွေ သွားရောက်လည်ပတ်မှုနဲ့ ကျူးဘားပြည်သူတွေ နဲ့ ဆက်ဆံမှု ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀)ကျော်ထက်စာရင် ပိုပြီး တိုးလာတယ်လို့ သမ္မတကပြောပါတယ်။ ကျူးဘားနိုင်ငံဟာ အမေရိကန်ပြည်ထောင်စု တောင်ပိုင်း ဖလော်ရီဒါပြည်နယ်နဲ့ ဆိုရင် (၁၄၅)ကီလိုမီတာပဲ ကွာဝေးပါတယ်။

ခရီးသည်တင် လေကြောင်းပြေးဆွဲဖို့ လွန်ခဲ့တဲ့ လပေါင်းများစွာ ကတည်းက နှစ်နိုင်ငံ ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ဝါရှင်တန်မြို့တော် မှာ နောက်ဆုံး အပြီးသတ် ဆွေးနွေးဖို့ တနင်္လာနေ့ကတည်းက ကိုယ်စားလှယ်တွေ တွေ့ဆုံ ခဲ့ကြတာဖြစ်ပါတယ်။

American Airlines, Delta, United and JetBlue အပါအဝင် အဓိက အမေရိကန် လေကြောင်းလိုင်း အမြောက်အများကတော့ ကျူဘားနဲ့ ပုံမှန်ပြန်ဆွဲမယ့် လေကြောင်းခရီးစဉ်တွေ ထူထောင်ဖို့ အထူး စိတ်ဝင်စားကြောင်း ပြသခဲ့ကြပါတယ်။

XS
SM
MD
LG