သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ကျူးဘား သင်္ဘောခရီးစဉ် ပြန်လည်ပြေးဆွဲမည်


အမေရိကန်နဲ့ ကျူးဘားနိုင်ငံကြား ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာအောင် အမေရိကန်အစိုးရဘက်က ကြိုးပမ်းဆောင်ရွက်တဲ့ဲ့အနေနဲ့ နှစ်နိုင်ငံကြား သင်္ဘောပြေးဆွဲတာတွေကို ပြန်ပြီးတော့ လုပ်ဆောင်လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု တောင်ဘက်စွန်း ဖလော်ရီဒါပြည်နယ်ကနေ ကျူးဘားနိုင်ငံ Havana အထိ မိုင် ၁၀၀ လောက် ခရီးစဉ်အတွက် ခရီးသည်နဲ့ ကုန်သင်္ဘောကုမ္ပဏီ ၄ ခုထက်မနည်းကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက လိုင်စင်တွေ ချပေးခဲ့ပါတယ်။ အဲဒီထဲက ကုမ္ပဏီ ၃ ခုကတော့ ဖလော်ရီဒါအခြေစိုက်ဖြစ်ပါတယ်။

ဒီသတင်းနဲ့တစပ်တည်း အမေရိကန်အခြေစိုက် Jet Blue လေကြောင်းလိုင်းကလည်း နယူးယောက်မြို့ကနေ ဟာဗားနားမြို့ကို ဇူလိုင်လကစပြီး ခရီးသည်တင်လေယာဉ် စတင်ပြေးဆွဲမှာဖြစ်တယ်လို့ အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။

Fidel Castro ဦးဆောင်ပြီး၊ အာဏာရှင် Batista ကို ဖြုတ်ချခဲ့တဲ့ ၁၉၅၉ ကွန်မြူနစ်တော်လှန်ရေး မတိုင်ခင်ကတော့ အမေရိကန်နဲ့ ကျူးဘားနိုင်ငံကြား သင်္ဘောခရီးစဉ်တွေဟာ အမြဲလိုလို ရှိနေခဲ့တာပါ။ ကျူးဘားနိုင်ငံကိုသွားချင်တဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ကတော့ သတ်မှတ်ထားတဲ့ လမ်းညွှန်တွေအရသာ သွားခွင့်ရှိပြီး၊ အဲဒီလိုသွားတဲ့အထဲမှာ ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ခရီးစဉ်တွေလည်း ပါဝင်ပါတယ်။

XS
SM
MD
LG