သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကျူးးဘား ၂ နိုင်ငံ စာပို့ စနစ်ပြန်စမည်


ကျူးဘား အမေရိကန် နှစ်နိုင်ငံအလံ။
ကျူးဘား အမေရိကန် နှစ်နိုင်ငံအလံ။

အမေရိကန်ပြည်ထောင်စုနဲ့ ကျူးဘားနိုင်ငံတို့ဟာ စစ်အေးခတ်ကတည်းက ဆယ်စုနှစ် ငါးစုကျော် ပြတ်တောက်ခဲ့တဲ့ နှစ်နိုင်ငံကြား တိုက်ရိုက် စာပို့စနစ်ပြန်လည် တည်ထောင်ဖို့ သဘောတူညီလိုက်ပါတယ်။

နှစ်နိုင်ငံကြားက တိုက်ရိုက်စာပို့စနစ်ကို စမ်းသပ်ပြုလုပ်ဖို့ ရှေ့ပြေးအစီအစဉ်ကို လာမယ့် အပတ်တွေမှာ စတင်မယ်လို့ သောကြာနေ့က ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ဘယ်အချိန်မှာ နှစ်နိုင်ငံကြား စာပို့စနစ် ပုံမှန် ပြန်လည် လည်ပတ်နိုင်မလဲ ဆိုတာတော့ မသိရသေးပါဘူး။

ရာစုနှစ် တဝက်ကျော်ကျော် အကြာမှာ နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေး ပြန်လည် စတင်တော့မယ်လို့ အမေရိကန် သမ္မတ အိုဘားမားနဲ့ ကျူးဘား သမ္မတ ရာအူး ကက်စထရိုတို့က ကြေညာခဲ့ပြီး တစ်နှစ်နီးပါးအကြာမှာ အခုလို စာပို့စနစ်ကို ပြန်လည် တည်ထောင်လိုက်တာ ဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းက ဟဗားနားနဲ့ ဝါရှင်တန်မှာ နှစ်နိုင်ငံ သံရုံးတွေ ပြန်လည် ဖွင့်လှစ်ခဲ့ပြီး၊ သမ္မတ အိုဘားမားက ကျူးဘားနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စု က ၅၆နှစ်ကြာ ချမှတ်ထားတဲ့ ကုန်သွယ်ရေး ပိတ်ဆို့မှုတွေကို ပြန်ဖွင့်ပေးဖို့ ကွန်ဂရက် လွှတ်တော်မှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။

XS
SM
MD
LG