သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

DEA ပြည်ပတိုင်းပြည် အရေးတွေမှာ ပတ်သက်နေ


DEA ပြည်ပတိုင်းပြည် အရေးတွေမှာ ပတ်သက်နေ
DEA ပြည်ပတိုင်းပြည် အရေးတွေမှာ ပတ်သက်နေ

အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီ (DEA) ဟာ နိုင်ငံတကာ ထောက်လှမ်းရေး အဖွဲ့အစည်း တခုအသွင် ဆောင်လာနေပြီး တခါတရံမှာ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေး ကိစ္စတွေမှာ ဝင်ရောက် စွက်ဖက်နိုင်တဲ့အထိ ဖြစ်နေတယ်လို့ ဝီကီလိခ်စ် (WikiLeaks) ရဲ့ သတင်း အချက်အလက်တွေကို ကိုးကားပြီး The New York Times သတင်းစာက ဖော်ပြလိုက်ပါတယ်။

ပြည်တွင်းရေးရာ ကိစ္စတွေမှာ ဝင်ရောက်ဆောင်ရွက်ဖို့ သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံတွေက DEA အဖွဲ့ဝင်တွေကို ဖိအားပေးတာမျိုးတွေ ရှိခဲ့တယ် ဆိုတာတွေကို ဖော်ပြထားတဲ့ အမေရိကန် သံတမန် ကြေးနန်းတွေကို ဝီကီလိခ်စ် ဝက်ဘ်ဆိုက်ဒ်က တဆင့် ရရှိတဲ့ အထဲမှာ အခုလို တွေ့ရတာလို့ သတင်းစာက တနင်္ဂနွေနေ့ကပဲ ရေးသားလိုက်တာပါ။

ပနားမားနိုင်ငံမှာ ဆိုရင်လည်း သမ္မတက သူ့ရဲ့ နိုင်ငံရေး ပြိုင်ဘက်တွေရဲ့ တယ်လီဖုန်း ဆက်သွယ်မှုတွေကို ကြားဖြတ်နားထောင်ဖို့ အကူအညီ လိုအပ်တဲ့အကြောင်း အမေရိကန် သံအမတ်ကြီးကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဂီနီနိုင်ငံမှာ ဆိုရင်လည်း အကြီးဆုံး မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်း ခေါင်းဆောင်ဟာ သမ္မတရဲ့သား ဖြစ်နေပြီး သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကိုလည်း ဖျက်ဆီးမပစ်ခင် ဂျုံမှုန့်တွေနဲ့ အစားထိုးခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံမှာလည်း စစ်အစိုးရက မူးယစ်ဆေးဝါးက ဝင်ငွေတွေ ဘယ်လိုရနေတယ် ဆိုတာကို DEA သတင်းပေးတွေရဲ့ အစီရင်ခံချက်တွေမှာ ဖော်ပြထားတယ်လို့လည်း ဆိုပါတယ်။

XS
SM
MD
LG