သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ကျူးလွန်မှု လူမျိုးတုံး သတ်ဖြတ်မှု မြောက်


IS အစွန်းရောက်အဖွဲ့ကကျူးလွန်တဲ့ ဆိုးသွမ်းရက်စက်မှုတွေ အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကပြောစဉ်။ (မတ် ၁၇၊ ၂၀၁၆)
IS အစွန်းရောက်အဖွဲ့ကကျူးလွန်တဲ့ ဆိုးသွမ်းရက်စက်မှုတွေ အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကပြောစဉ်။ (မတ် ၁၇၊ ၂၀၁၆)

IS အစွန်းရောက်အဖွဲ့ကကျူးလွန်တဲ့ ဆိုးသွမ်းရက်စက်မှုတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှုမြောက်တယ်လို့ သူ သတ်မှတ်ထားတဲ့ အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကပြောပါတယ်။

အီရတ်နဲ့ဆီးရီးယားက ဘာသာရေးနဲ့လူမျိုးရေး လူနည်းစုတွေအပေါ် IS အစွန်းရောက်အဖွဲ့ရဲ့ ကျူးလွန်တဲ့ ဆိုးသွမ်းရက်စက်မှု တွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တခုကို မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထားပြီးပေးဖို့ ကွန်ဂရက်လွှတ်တော်က သမ္မတအိုဘားမား အစိုးရကို သတ်မှတ်ပေး ထားတဲ့ နောက်ဆုံးနေ့ ဒီကနေ့မှာ ဝန်ကြီးကယ်ရီက အဲဒီလိုကြေညာတာပါ။

သတ်မှတ်ပေးထားတဲ့ နောက်ဆုံးရက်အမီ အစိုးရအဖွဲ့အနေနဲ့ ဆုံးဖြတ်ပေးနိုင်မှာမဟုတ်ဘူးဆိုပြီး ဗုဒ္ဓဟူးနေ့တုန်းကတော့ မစ္စတာ ကယ်ရီက ပြောခဲ့ပါသေးတယ်။

တခြားနိုင်ငံတခုမှာ လူမျိုးတုန်းသတ်ဖြတ်မှု ဒါမှမဟုတ် လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်တာဟာ အမေရိကန် ပြည်ထောင်စုအနေနဲ့ ဥပဒေကြောင်းအရ တာဝန်တခုခုရှိတယ်ဆိုတဲ့ အဓိပ္ပါယ် မသက်ရောက်ဘူး လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောထားဖူးပါတယ်။

ဒါပေမဲ့လည်း လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် အမေရိကန်ပြည်ထောင်စုက သတ်မှတ်တာဟာ မူဝါဒရေးရာပိုင်းမှာ သက်ရောက်မှု တစုံတရာတော့ ရှိလာမှာပါ။.အထူးသဖြင့် လူမျိုးစုတခုခု ဒါမှမဟုတ် နိုင်ငံတခုခုက ကြီးမားတဲ့လူဦးရေတစုကို ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ဖြတ်တာကို လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် သတ်မှတ်ထားပါတယ်။

XS
SM
MD
LG