သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကာကွယ်ရေး အသုံးစရိတ် သန်းပေါင်းငါးသိန်း လျှော့ချမည်


အမေရိကန် ကာကွယ်ရေး အသုံးစရိတ် သန်းပေါင်းငါးသိန်း လျှော့ချမည်
အမေရိကန် ကာကွယ်ရေး အသုံးစရိတ် သန်းပေါင်းငါးသိန်း လျှော့ချမည်

သမ္မတအိုဘားမား အစိုးရအနေနဲ့ လာမယ့် ၁၀ နှစ်တာ ကာလအတွင်း ကာကွယ်ရေး အသုံးစရိတ် သန်းပေါင်း ငါးသိန်း လျှော့ချရေးအစီအစဉ်ရဲ့ တစိတ်တဒေသအဖြစ် မြေပြင်တပ်အင်အား တစ်သိန်း လျှော့ချဖို့အတွက် ကွန်ဂရက် လွှတ်တော်ကို တင်ပြဖို့ရှိတယ်လို့ သိရပါတယ်။ ဒီအတွက် သက်ရောက်မှုဟာ ထင်ထားတာထက် ပိုပြီး လျော့နည်းပါတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

အစိုးရက ၂၀၁၃ ခုနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်ကို အမေရိကန်ဒေါ်လာ သန်းပေါင်း ငါးသိန်း နှစ်သောင်းငါးထောင် တောင်းခံဖို့ရှိတဲ့အကြောင်း ကာကွယ်ရေးဝန်ကြီး လီယွန် ပန်နက်တ (Leon Panetta) က ပင်တဂွန် စစ်ဌာနချုပ်မှာ သတင်းထောက်တွေကို ကြာသပတေးနေ့က ပြောပါတယ်။

ဒီပမာဏဟာ စက်တင်ဘာလ ၃၀ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမယ့် လက်ရှိ ဘဏ္ဍာရေးနှစ်အတွက် တောင်းခံထားတဲ့ ပမာဏထက် သန်းပေါင်း ၆ ထောင်လောက် လျော့နည်းပါတယ်။

ပစိဖိတ်ဖိုရမ် လို့ခေါ်တဲ့ သုတေသနအဖွဲ့က ကျွမ်းကျင်သူ ရားလ်(ဖ) ကော့ဆာ (Ralph Cossa) ကတော့ ဒါဟာ လက်ရှိအသုံးပြုနေတဲ့ စစ်စရိတ်မဟုတ်ဘဲ စီမံချက် အသုံးစားရိတ်ကို လျှော့ချတာသာ ဖြစ်တယ်လို့ ပြောပါတယ်။ စစ်အသုံးစရိတ်ကို အရင်က ပြင်ဆင်ထားတဲ့ အသုံးစရိတ်ပမာဏထက် တနှစ်ချင်း လျှော့သွားမှာဖြစ်ကြောင်း မစ္စတာ ကော့ဆာက ပြောပါတယ်။

ဒီအစီအစဉ်အရ ကာကွယ်ရေး အသုံးစရိတ်ဘတ်ဂျက်ကို ၂၀၁၇ ခုနှစ်မှာ ဒေါ်လာသန်းပေါင်း ငါးသိန်း ခြောက်သောင်း ခုနှစ်ထောင် တိုးမြှင့်သွားနိုင်မှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပန်နက်တ က ပြောဆိုပါတယ်။

အခုအသုံးစရိတ် တောင်းဆိုမှုဟာ နိုင်ငံရဲ့အသုံးစရိတ်လိုငွေ လျှော့ချနေချိန်မှာ စစ်အင်အားနဲ့ စစ်ရေး အဆင်သင့် ဖြစ်မှုကို လိုက်လျောညီထွေ ရှိနေပါလိမ့်မယ်လို့ ယုံကြည်ကြောင်း မစ္စတာ ပန်နက်တ ကပြောပါတယ်။

XS
SM
MD
LG