အမေရိကန်ပြည်ထောင်စုမှာ ဥပဒေအရ လွှတ်တော်ကို ကြိုတင် အကြောင်းကြားဖို့လိုပေမယ့် ကြိုတင် အကြောင်းမကြားဘဲ ဖမ်းဆီးခံ အမေရိကန် စစ်သားတဦးနဲ့ Afghan သူပုန် ၅ ဦး လဲလှယ်တဲ့ကိစ္စကို အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel က ကာကွယ်ပြောဆိုသွားပါတယ်။
Afghanistan နိုင်ငံမှာ ဖမ်းခံထားရတဲ့ အမေရိကန်တပ်ကြပ်ကြီး Bowe Bergdahl ရဲ့ အသက်အန္တရာယ်ကို အရာရှိတွေ စိုးရိမ်ခဲ့ကြတယ်လို့ Mr. Hagel က ပြောပါတယ်။ အဲဒါရဲ့ ရလဒ်ကတော့ အမေရိကန်သမ္မတ Barack Obama က ကျူးဘားနိုင်ငံ Guantanamo ပင်လယ်အော် အမေရိကန် စစ်အကျဉ်းထောင်ကနေ အကျဉ်းသားတွေ ပြန်လွှတ်ပေးပြီး ကာတာနိုင်ငံကို လွှဲပြောင်းပေးမယ့်ကိစ္စကို သတ်မှတ်ထားတဲ့အတိုင်း လွှတ်တော် ခေါင်းဆောင်တွေကို ရက် ၃၀ ကြိုတင်အသိမပေးခဲ့ဘူးလို့ Mr. Hagel က ပြောပါတယ်။
အကျဉ်းသားတွေကို ကာတာနိုင်ငံမှာ တနှစ်ထိမ်းထားမယ်လို့ ကာတာ အရာရှိတွေက ကတိပေးထားတာပါ။ ဒီ တပ်ကြပ်ကြီး Bergdahl ပြန်လွတ်မြောက် လာတဲ့ကိစ္စကို တချို့အတိုက်အခံ လွှတ်တော်အမတ်တွေက ချီးကျူးသွားပေမယ့် ဒီအကျဉ်းသား အလဲအလှယ်လုပ်ရာမှာ သဘောတူခဲ့တဲ့ အချက်တွေကို ဝေဖန်ကြပါတယ်။ ဒီအကျဉ်းသားလဲလှယ်မှုဟာ အမေရိကန်ရဲ့ မူဝါဒကို လမ်းကြောင်းပြောင်းသွားစေပြီး အမေရိကန်တွေကို ဓားစာခံလုပ်ဖမ်းဆီးတာဟာ အကြမ်းဖက်သမားတွေအသုံးချစရာ လက်နက်ကောင်းတခု ဖြစ်လာနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အောက်လွှတ်တော်အမတ် Mike Rogers က ဝေဖန်သွားပါတယ်။