သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်အရေး ကူညီဖြေရှင်းဖို့ ကန် ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဘင်္ဂလားဒက်ရှ် ရောက်


အမေရိကန် ယာယီလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Simon Henshaw
အမေရိကန် ယာယီလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Simon Henshaw

လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်ခြင်း ဆိုင်ရာ ယာယီ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Simon Henshaw ဦးဆောင်တဲ့ အဆင့်မြင့် အမေရိကန်သံကိုယ်စားလှယ် အဖွဲ့ ဟာ ဘင်္ဂလားဒက်ရှ်နိုင်ငံ ကိုရောက်ရှိနေပြီး Cox’s Bazar မြို့က ရိုဟင်ဂျာဒုက္ခသည် စခန်းတွေကို နိုဝင်ဘာ ၂ ရက်နဲ့ ၃ ရက်နေ့တို့မှာသွားရောက်မှာဖြစ်တယ်လို့ Dakha Tribune သတင်းစာမှာ ဖော်ပြထားပါတယ်။ မကြာသေးမီ လ တွေအတွင်း၊ ရခိုင်ပဋိပက္ခကြောင့် ဘင်္ဂလားဒက်ရှ်ဘက်ကိုထွက်ပြေးခိုလှုံခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၆ သိန်းကျော်အရေး ကူညီဖြေရှင်းဖို့ မြန်မာနိုင်ငံကို ၃ ရက်ကြာ သွားရောက်ခဲ့ပြီးနောက် အမေရိကန် သံကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒက်ရှ် နိုင်ငံကိုရောက်ရှိခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းက ဘင်္ဂလားဒက်ရှ် နိုင်ငံခြားရေးဝန်ကြီး Md Shahriar Alan ကို သူ့ရုံးခန်းမှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ၊ တောင်နဲ့အာရှအလယ်ပိုင်းရေးရာ ၊ အာရှရေးရာ အရာရှိကြီးများအပြင် ဘင်္ဂလားဒက်ရှ်ဆိုင်ရာ အမေရိကန်သံအမတ်ကြီးလည်း အဲဒီတွေ့ဆုံ မှုကို တက်ရောက်ခဲ့ကြပါတယ်။ ရိုဟင်ဂျာပြဿနာမှာ အမေရိကန်အစိုးရကခိုင်မာတဲ့ နိုင်ငံရေးနဲ့ စာနာမှုအထောက်အပံ့တွေကို ပေးကမ်းခဲ့တဲ့အတွက် ဘင်္ဂလား ဒက်ရှ်နိုင်ငံခြားရေး ဝန်ကြီးက ကျေးဇူးတင်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ တင်ပြခဲ့တဲ့ အဆိုပြုချက် ငါးရပ်ကို ထပ်မံ ပြောကြောင်း အလေးထား ပြောကြားပြီး ဒီကိစ္စမှာ ဆက်လက်ကူညီသွားဖို့လည်း အမေရိကန်အစိုးရကို မေတ္တာရပ်ခံထားပါတယ်။

အမေရိကန်အစိုးရကလည်း ရိုဟင်ဂျာဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ လုံလုံခြုံခြုံ ပြန်သွားနိုင်ရေးအတွက် ဘဏ္ဍာရေးနဲ့ သံတမန်ရေးအရ ဆက်လက် အကူအညီပေးသွားဖို့ အာမခံသွားပါတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီအရေးမှာ မြန်မာနိုင်ငံအစိုးရအပေါ် ဖိအားဆက်ပေးဖို့ အတွက်လည်း နှစ်နိုင်ငံသဘောတူညီခဲ့ကြပါတယ်။

11-01-17 US Bdesh Trip KZT
please wait

No media source currently available

0:00 0:00:46 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG