သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး နိုင်ငံတကာထောက်ခံမှုရဖို့ အမေရိကန် ဆက်ကြိုးစားနေ


အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel
အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel
ဓာတုလက်နက်အသုံးပြုနေတယ်ဆိုတဲ့ ဆီးရီးယားအပေါ် တုံ့ပြန်ဖို့အတွက် အမေရိကန်နိုင်ငံနဲ့အတူ ရပ်တည်မယ့် နိုင်ငံတကာမဟာမိတ်တွေကို ဆက်ပြီးရှာဖွေသွားမယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ချပ်က် ဟေဂဲလ် (Chuck Hagel) ကပြောပါတယ်။

စစ်ရေးအရ အရေးမယူဖို့ ဗြိတိန်လွှတ်တော်အမတ်တွေက ဆုံးဖြတ်ခဲ့ကြပြီးနောက်တရက်မှာပဲ ဖိလစ်ပိုင်ရောက်နေတဲ့ Mr. Hagel က
သတင်းထောက်တွေကို ခုလို ပြောခဲ့တာပါ။ ဆီးရီးယားအပေါ် စစ်ရေးအရအရေးယူရင် ဗြိတိန်နိုင်ငံ ပါသင့် မသင့်ကို ဗြိတိသျှအောက်လွှတ်တော်မှာ ကြာသပတေးနေ့က အဆိုတင်ခဲ့တာမှာ ပယ်ချခံခဲ့ရပါတယ်။ ဒီဆုံးဖြတ်ချက်ကို မဖြစ်မနေ လိုက်နာစရာ မလိုပေမဲ့ စစ်ရေးအရ အရေးယူမယ်ဆိုတာဟာ စစ်ရာဇဝတ်ကျူးလွန်မှုကို တုံ့ပြန်ဖို့သာဖြစ်ပြီး ဆီးရီးယားအစိုးရကို ဖြုတ်ချဖို့ မဟုတ်ဘူးလို့ တင်ပြခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ် David Cameron အတွက်
အားလျော့စရာဖြစ်ခဲ့ပါတယ်။

အမေရိကန်အစိုးရ တာဝန်ရှိသူတွေကလည်း ကြာသပတေးနေ့က အမေရိကန် Congress လွှတ်တော်မှာ အခြေအနေကို ရှင်းပြခဲ့ပါတယ်။ ဆီးရီးယားမှာ
ဓာတုလက်နက်တွေသုံးတိုက်ခိုက်နေတယ်ဆိုတာနဲ့ပါတ်သက်တဲ့ လျှို့ဝှက် ထောက်လှမ်းရေးအချက်အလက်တွေကို အိမ်ဖြူတော်က ဒီကနေ့ သောကြာနေ့မှာ အများပြည်သူသိအောင် ထုတ်ပြန်ဖို့ရှိပါတယ်။

ဆီးရီးယားမှာ စစ်ရေးအရ အရေးမယူရေး ဗြိတိန်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့တဲ့ အဖြေဟာ ပြင်သစ်နိုင်ငံရဲ့ ရပ်တည်မှုအပေါ်မှာ ထိခိုက်မှာ မဟုတ်ဘူးလို့ ပြင်သစ်သမ္မတ Francois Hollande က ပြောပါတယ်။ Le Monde သတင်းစာနဲ့ မေးမြန်းခန်းမှာ ပြင်သစ်သမ္မတက ဆီးရီးယားအစိုးရကို ဖြုတ်ချဖို့အတွက် နိုင်ငံတကာဆောင်ရွက်မယ်ဆိုရင် သိပ်အားမပေးလိုပေမဲ့ ဓာတုလက်နက်နဲ့တိုက်ခိုက်နေတဲ့ ကိစ္စကတော့ အရေးမယူဘဲနေလို့ မဖြစ်ဘူးလို့ ပြောပါတယ်။

Russia သမ္မတ Vladimir Putin ရဲ့ နိုင်ငံခြားရေးရာအဓိကအကြံပေးကတော့ ဗြိတိန်လွှတ်တော်အမတ်တွေရဲ့ ဆုံးဖြတ်ချက်ကို ကြည့်ရင် စစ်ရေးအရ တိုက်ခိုက်မှုရဲ့ အန္တရာယ်ကို လူတွေ စပြီး နားလည်လာကြပြီဆိုတာ ဖော်ပြနေတယ်လို့ ဆိုပါတယ်။ ဂျာမနီနိုင်ငံကလည်း စစ်ရေးအရ ဆောင်ရွက်ဖို့ကိစ္စကို ဆွေးနွေးပြောဆိုနေတာ မရှိဘူးလို့ အစိုးရတာဝန်ရှိသူတွေကပြောပါတယ်။
XS
SM
MD
LG