သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယား စစ်မဲ့ဇုန် ကန်ဝန်ကြီး သွားရောက်


ကိုရီးယား စစ်မဲ့ဇုန် ကန်ဝန်ကြီး သွားရောက်။ ( အောက်တိုဘာ ၂၇-၂၀၁၇)
ကိုရီးယား စစ်မဲ့ဇုန် ကန်ဝန်ကြီး သွားရောက်။ ( အောက်တိုဘာ ၂၇-၂၀၁၇)

မြောက်ကိုရီးယားရဲ့ နျူကလီယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရချိန်မှာ တောင်ကိုရီးယား ကို အကာကွယ်ပေးဖို့ အမေရိကန် ပြည်ထောင်စုရဲ့ မူဝါဒဟာ ဘယ်တုန်းကမှ မပြောင်းလဲခဲ့ပါဘူးလို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Jim Mattis ကပြောပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီယား လက်နက် အစီအစဉ်နဲ့ ပတ်သက်ပြီး အမေရိကန်က သံတမန်ရေးအရ အဖြေရှာဖို့ တတ်နိုင်သမျှလုပ်ဆောင်နေကြောင်း ဝန်ကြီး Mattis ဟာ သောကြာနေ့က တောင်နဲ့ မြောက်ကိုရီးယားနယ်စပ်က အပစ်ရပ် Panmunjom ရွာက အမေရိကန်နဲ့ တောင်ကိုရီးယား တပ်ဖွဲ့တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ရည်မှန်းချက်က စစ်ဖြစ်ဖို့မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရဲ့ ပြောကြားချက်ကို ကာကွယ်ရေးဝန်ကြီး Mattis က ပြန်လည်ကိုးကား ပြောကြားခဲ့သလို သမ္မတ Donald Trump က သမ္မတ တာဝန်ယူခဲ့ချိန်ကစပြီး အရှိန်မြှင့် လုပ်ဆောင်ခဲ့တာဖြစ်တဲ့ မြောက်ကိုရီးယား နျူကလီယား လက်နက်အစီစဉ် လုံးဝဖျက်သိမ်းဖို့နဲ့ လုံးဝ ပြန်ပြီးမစ နိုင်တဲ့ အထိ ဖျက်သိမ်းဖို့ ရည်ရွယ်တာ ဖြစ်ကြောင်း လည်း ပြောပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး Mattis ဟာ မြောက်ကိုရီးယားနိုင်ငံထဲကို စောင့်ကြည့်တဲ့ အမေရိကန်-တောင်ကိုရီးယား စစ်စခန်းကို သွားရောက်ခဲ့သလို၊ ၂ နိုင်ငံကြားက စစ်မဲ့ဇုန်ကိုလည်းသွားရောက်ခဲ့ပါတယ်။ အဲဒီမှာ မြောက်ကိုရီးယားနိုင်ငံဘက်က ခရီးသွားတွေကလည်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လာရောက်တာကို စောင့်ကြည့်ခဲ့ကြပါတယ်။

တောင်ကိုရီးယားကို ၂ ရက်ကြာ အလည်သွားရောက်တဲ့ ဝန်ကြီး Mattis ဟာ တောင်ကိုရီးယား သမ္မတ Moon Jae-in နဲ့ သောကြာနေ့မှာ တွေ့ဆုံခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG