သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကာကွယ်ရေးဝန်ကြီး ကိုင်ရိုရောက်


အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို ရောက်ရှိစဉ် (၂၄ ဧပြီ ၂၀၁၃)
အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို ရောက်ရှိစဉ် (၂၄ ဧပြီ ၂၀၁၃)
အစ္စရေးလ်၊ ဂျော်ဒန်နဲ့ ဆော်ဒီ အာရေးဘီးယား နိုင်ငံတွေကို သွားရောက်ခဲ့ပြီးနောက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက် ဟေဂဲလ် (Chuck Hagel) ဟာ အီဂျစ်နိုင်ငံကို ဗုဒ္ဓဟူးနေ့တုန်းက ရောက်ရှိပါတယ်။

အီဂျစ်နိုင်ငံက အစ္စလာမ်ဝါဒီ ခေါင်းဆောင်တွေနဲ့ ဘာသာရေးကို နိုင်ငံရေးနဲ့ မရောတဲ့ အတိုက်အခံတွေကြား နိုင်ငံရေးအရ တင်းမာနေချိန်မှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး ကိုင်ရိုမြို့တော်မှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

အီဂျစ်သမ္မတ မိုဟာမက် မော်စီ (Mohamed Morsi) နဲ့ ကာကွယ်ရေးဝန်ကြီး အဘ်ဒဲ ဖာတာ အဲလ် စီစီ (Abdel-Fattah al-Sisi) တို့နဲ့ ဝန်ကြီး ဟေဂဲလ် (Hagel) တွေ့ဆုံတဲ့အခါ၊ ၂ နိုင်ငံကြား ကာကွယ်ရေးကိစ္စ၊ လုံခြုံရေးဆိုင်ရာ စိုးရိမ်ရတဲ့ကိစ္စတွေနဲ့ ဒေသ ဖွံ့ဖြိုး တိုးတက်ရေးကိစ္စတွေကို ဆွေးနွေးကြလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်မှာ မစ္စတာ မော်စီ သမ္မတ ဖြစ်လာခဲ့ပြီးတဲ့နောက်မှာလည်း အမေရိကန်ဟာ အီဂျစ်အစိုးရသစ်နဲ့ ဆက်ဆံရေး လမ်းကြောင်းတွေကို ဆက်ပြီး ဖွင့်ထားခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG