သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား အန္တရာယ် အမေရိကန် ကာကွယ်မည်


တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်က အမေရိကန်သံရုံးမှာ လက်ထောက်ကာကွယ်ရေးဝန်ကြီး Ashton Carter သတင်းစာရှင်းလင်းပွဲလုပ်နေစဉ် (၁၈ မတ် ၂၀၁၃)
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်က အမေရိကန်သံရုံးမှာ လက်ထောက်ကာကွယ်ရေးဝန်ကြီး Ashton Carter သတင်းစာရှင်းလင်းပွဲလုပ်နေစဉ် (၁၈ မတ် ၂၀၁၃)
နျူကလီးယားလက်နက် အထောက်အကူနဲ့ မြောက်ကိုရီးယားက စစ်ရေး ခြိမ်းခြောက်မှုတွေ ပြုလုပ်နေချိန်မှာ အမေရိကန်ရဲ့ နျူကလီးယားဆိုင်ရာ လုပ်ငန်းတွေနဲ့ ပတ်သက်တာ မှန်သမျှကို တောင်ကိုရီးယားနိုင်ငံအနေနဲ့ ဆက်ပြီး အသုံးပြုခွင့်ပေးထား မှာ ဖြစ်တယ်လို့ အမေရိကန် လက်ထောက် ကာကွယ်ရေးဝန်ကြီး အက်ရှ်တွန် ကာတာ (Ashton Carter) က ကတိပြု ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက မစ်ဇိုင်းဒုံးပျံနဲ့ နျူကလီးယား စမ်းသပ်မှုတွေ ပြုလုပ်ခဲ့သလို မကြာခင်က နျူကလီးယား လက်နက် အသုံးပြုပြီး တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်မှုတွေ
ပြုလုပ်လာတာက မြောက်ကိုရီးယားနိုင်ငံရဲ့ အမူအကျင့် ပျော့ပြောင်းမလာဘူးဆိုတာ ကို ပြသနေတယ်လို့ ဒုတိယဝန်ကြီး မစ္စတာ ကာတာ က ပြောပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်မ်ကွမ်ယင်း (Kim Kwan-jin) နဲ့ ဆိုးလ်မြို့ မှာ တွေ့ဆုံပြီးတဲ့နောက် ဒုတိယဝန်ကြီး မစ္စတာ ကာတာ က သတင်းထောက်တွေကို အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ပြုံယမ်းအစိုးရက အခုလို ခြိမ်းခြောက်မှုတွေ ပြုလုပ်တဲ့အတွက် ရတဲ့ရလဒ်ကတော့ တကမ္ဘာလုံးကနေ မြောက်ကိုရီးယားအပေါ် ဆန့်ကျင်တဲ့ သဘောထားတွေ ပေါ်ပေါက် လာစေတာပဲ ဖြစ်တယ်လို့ မစ္စတာ ကာတာ က ပြောပါတယ်။

အမေရိကန် အစိုးရဟာ တောင်ကိုရီးယားနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက် လုပ်သွားမှာဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးအရာရှိက ပြောပါတယ်။

အမေရိကန်ရဲ့ မစ်ဇိုင်းဒုံးကျည် ကြားဖြတ်ကာကွယ်ရေး စနစ်တွေကို နိုင်ငံရဲ့ အလက်စကား ပြည်နယ်မှာ တိုးချဲ့ တပ်ဆင်ထားမယ်လို့ ပြောပါတယ်။
XS
SM
MD
LG