မစ္စတာ မာမွတ် အမာဒီနီဂျက်ဟာ ဆက်လက်ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ အီရန်သမ္မတ အနေနဲ့ မိန့်ခွန်းပြောဆိုနေပါတယ်။ အမေရိကန်အစိုးရ ကိုယ်စားလှယ်တွေကတော့ သမ္မတ အမာဒီနီဂျက်ရဲ့ မိန့်ခွန်းကို သပိတ်မှောက်တဲ့ အနေနဲ့ ညီလာခံ ခန်းမကနေ ထွက်ခွာသွားခဲ့ပါတယ်။
အီရန်နိုင်ငံအနေနဲ့ နျူကလီးယား လက်နက်ထုတ်လုပ်ဖို့ ကြိုးပမ်းနေမှုအပေါ် အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေက ခွင့်ပြုမှာမဟုတ်တဲ့အကြောင်း အမေရိကန် သမ္မတဘရက်အိုဘားမားက သတိပေးစကားပြောဆိုခဲ့အပြီး နောက်တနေ့မှာ မစ္စတာ အမာဒီနီဂျက် မိန့်ခွန်းပြောခဲ့ပါတယ်။
အီရန်နျူကလီးယားကိစ္စအပေါ် သံတမန်ရေးအရ အဖြေရှာနေမှုဟာ တစထက်တစ အချိန်ကုန်လာနေပြီ လို့လည်း သမ္မတ အိုဘားမားက ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ မစ္စတာ အမာဒီနီဂျက် က AP သတင်းဌာနနဲ့ ပြုလုပ်တဲ့ တွေ့ဆုံဆွေးနွေးခန်းမှာ အမေရိကန် သမ္မတရဲ့ သတိပေး ပြောဆိုချက်ကို ပယ်ချလိုက်ပြီး၊ ကမ္ဘာ့ရေးရာကိစ္စတွေမှာ အမေရိကန်ရဲ့ စိုးမိုးနေမှု ဟာ ဆုံးခန်းတိုင်တော့မှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
အမာဒီနီဂျက်ရဲ့ ဒုတိယမြောက် သမ္မတ သက်တမ်းဟာ လာမဲ့ ဇွန်လမှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ အီရန်နိုင်ငံ ဥပဒေ အရ သူဟာ တတိယ သက်တမ်းဆက်လက်တာဝန်ယူခွင့် ရမှာဟုတ်ပါဘူး။
အရှေ့အလယ်ပိုင်းမှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ အထိကရုန်းတွေအကြောင်းဟာ ဗုဒ္ဓဟူးနေ့ ကုလသမဂ္ဂ ညီလာခံမှာ ဆက်လက် အာရုံစိုက်ဆွေးနွေးပြောဆိုဖို့ ရှိနေပါတယ်။ အီဂျစ်နိုင်ငံရဲ့ သမ္မတသစ် မိုဟာ မက် မော်စီကလည်း နိုင်ငံတကာ ခေါင်းဆောင်တွေကို ပထမဆုံးအကြိမ် မိန့်ခွန်းပြော မှာ ဖြစ်ပါတယ်။