သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း စကားစစ်ထိုးပွဲ

ဒီမိုကရက်တစ်ပါတီသမ္မတလောင်းတွေဖြစ်တဲ့ Hillary Clinton နဲ့ Bernie Sanders တို့ရဲ့ ဒီမိုကရက်ပါတီ စကားစစ်ထိုးပွဲ
ဒီမိုကရက်တစ်ပါတီသမ္မတလောင်းတွေဖြစ်တဲ့ Hillary Clinton နဲ့ Bernie Sanders တို့ရဲ့ ဒီမိုကရက်ပါတီ စကားစစ်ထိုးပွဲ

လာမယ့်အထွေထွေရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီက ဘီလျံနာသူဌေးကြီး Donald Trump နဲ့ ယှဉ်ပြိုင်ဘက်ဖြစ်လာဖို့ မျှော်လင့်ထားတဲ့အကြောင်း ဒီမိုကရက်တစ်ပါတီသမ္မတလောင်းတွေဖြစ်တဲ့ Hillary Clinton နဲ့ Bernie Sanders တို့က မနေ့တုန်းက ပြောဆိုခဲ့ကြပါတယ်။

Michigan ပြည်နယ် Flint မှာကျင်းပတဲ့ ဒီမိုကရက်ပါတီ စကားစစ်ထိုးပွဲမှာတော့ ပြိုင်ဖက် သမ္မတလောင်း ၂ ဦးဟာ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲမှာလို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ မလုပ်မိအောင် ထိန်းသိမ်းခဲ့ကြပါတယ်။ သူဦးဆောင်တဲ့အစိုးရအနေနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ ပါတ်သတ်ပြီး ပိုအာရုံစိုက်လုပ်ဖို့လိုတယ်ဆိုတာ ဘာကြောင့်လည်းလို့ အဖြေရှာရင်း ရီပတ်ဘလီကန်တွေရဲ့ ပြုမူလုပ်ကိုင်နေပုံတွေကို ကြည့်ခြင်းအားဖြင့် သိနိုင်တယ်လို့ Barnie Sanders ကပြောပါတယ်။

စကားစစ်ထိုးပွဲအတွင်း Mr. Sanders က အလုပ်လက်မဲ့ မှုတွေဖြစ်ပွားစေခဲ့တဲ့ မြောက်အမေရိက ကုန်သွယ်ရေးလွတ်လပ်ခွင့် သဘော တူညီချက် အပြင် တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးကို ပုံမှန်ဖြစ်ဖို့ သဘောတူညီချက် ကို ထောက်ခံခဲ့တဲ့ Hillary Clinton အပေါ် ဝေဖန်ခဲ့ပါတယ်။ Clinton ကတော့ စက်မှုလုပ်ငန်းတွေအမေရိကားမှာ ရင်းနှီးမြှပ်နှံမှုတွေလုပ်လာအောင် ဆုပေးဒဏ်ပေးစနစ်ကျင့်သုံးသင့်ပြီး အခြေခံအဆောက်အအုံ လိုအပ်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ထောက်ပြ သွားပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စု အတွင်းက အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ပါတ်သတ်လို့ လက်နက်ဝယ်ယူသူတွေရဲ့ နောက်ကြောင်းရာဇဝင်ကို စုံစမ်းစစ်ဆေးတဲ့ စနစ် ပိုကောင်းမွန်တိုးတက်အောင် လုပ်ဖို့ဆိုတာနဲ့ ပါတ်သတ်လို့ သမ္မတလောင်း ၂ ယောက်လုံးက သဘောတူညီခဲ့ပေမယ့် လူအများအပြားသေစေနိုင်တဲ့ ပစ်ခတ်မှုအတွက် သေနတ်ထုတ် လုပ်တဲ့သူတွေအနေနဲ့လည်း တာဝန်ခံသင့်တယ် ဆိုတာကိုတော့ သဘောမတူခဲ့ကြပါဘူး။

This item is part of
XS
SM
MD
LG