သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းများ စကားစစ်ထိုးပွဲ

Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders နဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်
Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders နဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်

၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရဖို့ ကြိုးစားနေတဲ့ ကိုယ်စား လှယ်လောင်းတွေရဲ့ ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲကို ဒေသစံတော်ချိန် အင်္ဂါနေ့ညက လုပ်ခဲ့ပါတယ်။ ဒီပွဲမှာ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်နဲ့ Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders တို့နှစ်ဦး အများဆုံး လွှမ်းမိုးခဲ့တာပါ။

အခုစကားစစ်ထိုးပွဲမှာ သူတို့နှစ်ဦးအပြင် မေရီလန်းပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Martin O’Malley ၊အထက်လွှတ်တော် အမတ်ဟောင်း Jim Webb ၊ Rhode Island ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Lincoln Chafee တို့လည်းပါဝင်ပါတယ်။ ဒါပေမဲ့ ကလင်တန်နဲ့ Sanders တို့နှစ်ဦးက လက်ရှိမှာ ထိပ်ကပြေးနေပြီး ကျန်တဲ့ ကိုယ်စားလှယ်လောင်းသုံးဦးအပေါ် ထောက်ခံမှုက ခုချိန်ထိတော့ သိပ်ကို နည်းလွန်းပါတယ်။

အင်္ဂါနေ့ညက Las Vegas မြို့ ကက်ဆီနို လောင်းကစားရုံတခုအတွင်း လုပ်တဲ့ နှစ်နာရီကြာ စကားစစ်ထိုးပွဲမှာ သေနတ်ပိုင်ဆိုင်ခွင့် ထိန်းချုပ်ရေးကိစ္စ၊ စီးပွားရေးမူဝါဒဆိုင်ရာနဲ့ အမေရိကန်စစ်ဘက်ရဲ့ ပြည်ပအခန်းကဏ္ဍတွေနဲ့ပတ်သက်ပြီး ကိုယ်စားလှယ်လောင်း တွေကြား အချေအတင် ငြင်းခုန်ကြပါတယ်။

ဆွေးနွေးပွဲအစောပိုင်းမှာတော့ ကလင်တန်ရဲ့ အီးမေးလ်အရှုပ်တော်ပုံနဲ့ပတ်သက်ပြီး ကိုယ်စားလှယ်လောင်းတွေကြား မျှော်လင့် မထားဘဲ တညီတညွတ်ထဲရှိခဲ့ကြတာကို တွေ့ရပါတယ်။ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ပိုင်းမှာတော့ ဆီးရီးယားမှာ အမေရိကန်နဲ့ ရုရှားတို့ရဲ့ စစ်ရေးအခန်းကဏ္ဍနဲ့ပတ်သက်ပြီး ကိုယ်စားလှယ်လောင်းတွေ အထူး အာရုံ စိုက် ပြောဆို ဆွေးနွေးကြပါတယ်။

This item is part of
XS
SM
MD
LG