သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆင့်မြင့် အမေရိကန် ရေငုပ်သင်္ဘော အရှေ့အလယ်ပိုင်းမှာ တပ်ဖြန့်ချထား


The guided-missile submarine USS Florida (SSGN 728) transits the Suez Canal in Egypt, en route the Middle East in support of the Bahrain-based U.S. Fifth Fleet
The guided-missile submarine USS Florida (SSGN 728) transits the Suez Canal in Egypt, en route the Middle East in support of the Bahrain-based U.S. Fifth Fleet

အသံထက်မြန်တဲ့ Tomahawk မစ်ဇိုင်း ပဲ့ထိန်းဒုံး ၁၅၄ ခုအထိ သယ်ဆောင်နိုင်တဲ့ အမေရိကန်ရေတပ် ရေငုပ်သင်္ဘောတစင်းကို အရှေ့အလယ်ပိုင်းမှာ တပ်ဖြန့်ထားမှာဖြစ်တယ်လို့ ရေတပ်ပြောခွင့်ရက ဒီနေ့ စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

USS Florida ရေငုပ်သင်္ဘောဟာ သောကြာနေ့က စူးအက်တူးမြောင်းကို ဖြတ်ကျော်ပြီး အရှေ့အလယ်ပိုင်းဒေသကို ရောက်ရှိလာပြီဆိုတာကို Bahrain နိုင်ငံမှာ အခြေစိုက်ထားတဲ့ ရေတပ်မဟာ ၅ ရဲ့ ပြောခွင့်ရ တပ်မှူးကြီး Timothy Hawkins က ကြေညာချက်ထုတ်ပြန်ပါတယ်။

အမေရိကန်ပြည်ထောင်စု Georgia ပြည်နယ် Kings Bay ရေတပ်အခြေစိုက်စခန်းကနေ ရောက်လာတဲ့ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောဟာ ရေတပ်မဟာ ၅ ရဲ့ ဆောင်ရွက်မှုတွေကို အားဖြည့်မှာ ဖြစ်တယ်လို့ ပြောပေမဲ့ ဘယ်လိုတာဝန်တွေ ယူမှာလဲ ဘာကြောင့် လာရောက် အားဖြည့်တာလဲ ဆိုတာ အသေးစိတ်တော့ ပြောဆိုခြင်း မရှိပါဘူး။

အီရန်နဲ့ အမေရိကန်ကြား သဘောထားတင်းမာနေချိန် အမေရိကန်က အင်အားပြသတာ ဖြစ်ပုံရတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ပင်လယ်ကွေ့ကနေ တင်ပို့တဲ့ရေနံ ၂၀% လောက် ဖြတ်သန်းသွားလာတဲ့ Hormuz ရေလက်ကြားတဝိုက်ကို အမေရိကန် ရေတပ်မဟာ ၅ ရဲ့ ရေယာဉ်တွေက ကင်းလှည့်လေ့ ရှိပါတယ်။

===== Unicode =====





XS
SM
MD
LG