သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမှာ အမေရိကန် သံတမန် တိုက်ခိုက်ခံရမှု ကလင်တန် ရှုတ်ချ

ဆီးရီးယားမှာ အမေရိကန် သံတမန် တိုက်ခိုက်ခံရမှု ကလင်တန် ရှုတ်ချ
ဆီးရီးယားမှာ အမေရိကန် သံတမန် တိုက်ခိုက်ခံရမှု ကလင်တန် ရှုတ်ချ

ဆီးရီးယားနိုင်ငံ ဒမတ်စကတ် (Damascus) မြို့တော်မှာ ဆီးရီးယား အတိုက်အခံ ခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ လာရောက်ခဲ့တဲ့ အမေရိကန် သံအမတ် ရောဘတ် ဖို့ဒ် (Robert Ford) နဲ့ တခြား အမေရိကန် သံတမန်တွေကို ဆီးရီးယား အစိုးရ လိုလားသူတွေက တိုက်ခိုက်ဖို့ ကြိုးစားမှုအတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ဒီလို သံတမန်တွေကို တိုက်ခိုက်မှုဟာ မလုပ်သင့်၊ မလုပ်အပ်တဲ့ လုပ်ရပ်တခု ဖြစ်တယ်လို့ ဝန်ကြီး ကလင်တန်က ပြောဆိုလိုက်သလို ဆီးရီးယား အာဏာပိုင်တွေ အနေနဲ့ နိုင်ငံတကာကနေ လေးစားရမယ့် ကျင့်ထုံး ဥပဒေအရ နိုင်ငံခြား သံတမန်တွေနဲ့ သံတမန်ရေးရာ ပိုင်ဆိုင်မှုတွေကို အကာအကွယ် ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ဆီးရီးယား အတိုက်အခံတွေကို ချေမှုန်းမှုတွေ အဆုံးသတ်ဖို့အတွက် အစိုးရနဲ့ အတိုက်အခံတွေကြား တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့ တောင်းဆိုနေတဲ့ အယူဝါဒ သိပ်မပြင်းထန်တဲ့ အတိုက်အခံခေါင်းဆောင် ဟာဆန် အက်ဘ်ဒဲလ် အဇင်းမ် (Hassan Abdel-Azim) နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ပြင်ဆင်နေတဲ့ မစ္စတာ ဖို့ဒ်ကို ဒေါသထွက်နေတဲ့ လူအုပ်ကြီးက တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာပါ။

၁၀၀ လောက်ရှိတဲ့ လူအုပ်ကြီးဟာ အစိုးရ ထောက်ခံတဲ့ ကြွေးကြော်သံတွေ တိုင်ပြီး မစ္စတာ ဖို့ဒ်နဲ့ သူ့လက်ထောက်တွေကို ကျောက်ခဲတွေ၊ ခရမ်းချဉ်သီးတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

အမေရိကန်အိမ်ဖြူ ပြောခွင့်ရ ဂျေးကာနီ (Jay Carney) ကလည်း ဒီလုပ်ရပ်အတွက် ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

This item is part of
XS
SM
MD
LG