သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်၊ သြစတြေးလျ၊ ဖိလစ်ပိုင် ပူးတွဲစစ်ရေးလေ့ကျင့်


စစ်ဆင်ရေးမှာ အမေရိကန်တပ်တွေကို ဦးဆောင်နေတဲ့ အမေရိကန်ရေတပ် ဒုဗိုလ်ချုပ်ကြီး John Toola။

တောင်တရုတ်ပင်လယ်တွင်းဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ချက်ချင်းတုံ့ပြန်နိုင်ရေး စစ်ရေးလေ့ကျင့်မှုတွေကို ထောင်နဲ့ချီတဲ့ အမေရိကန်နဲ့ ဖိလစ်ပိုင်တပ်ဖွဲ့တွေအနေနဲ့ သြစတြေးလျ အထူးတပ်ဖွဲ့တွေနဲ့အတူ စတင်လုပ်ဆောင်နေပါပြီ။

နှစ်စဉ်လုပ်တဲ့ ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို အခုနှစ်မှာတော့ တရုတ်နဲ့ ရေပိုင်နက်တင်းမာမှုတွေ ပိုများလာနေတဲ့ ဂျပန်နိုင်ငံက ကိုယ့်ကိုယ်ကိုခုခံကာကွယ်ရေးတပ်တွေအနေနဲ့လဲ စောင့်ကြည့်လေ့လာသူအဖြစ် ပထမဆုံး အကြိမ်ပါဝင်လာပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုမှာ တောင်တရုတ်ပင်လယ်တွင်း တရုတ်ရဲ့ လှုပ်ရှားမှုတွေကို ဆန့်ကျင်ပြောဆိုလာနေပြီး၊ တရုတ်နဲ့ ရေပိုင်နက်အငြင်းပွားနေတဲ့ ဖိလစ်ပိုင်ရဲ့ မဟာမိတ်လဲဖြစ်တဲ့ ဒီနိုင်ငံတွေ အဓိက အခန်းကဏ္ဍကနေပါဝင်နေပေမဲ့၊ အခုစစ်ရေးလေ့ကျင့်မှုဟာ တရုတ်အပါအဝင် ဘယ်နိုင်ငံကိုမှ ရည်ရွယ် လုပ်တာမဟုတ်ဘူးလို့ ဆိုပါတယ်။

ဖိလစ်ပိုင် စစ်လေ့ကျင့်ရေး ဒါရိုက်တာ ရေတပ်ဒုဗိုလ်ချုပ်ကြီး Alexander Lopez က သတင်းထောက်တွေကို ပြောရာမှာ ခုလိုထုတ်ပြောခဲ့တာဖြစ်ပြီး၊ ဒီစစ်ဆင်ရေးကြောင့် လုပ်ရည်ကိုင်ရည်အားနဲနေတဲ့ ဖိလစ်ပိုင်တပ်တွေအတွက် စွမ်းရည်နဲ့အင်အားကြီးမားတဲ့ အမေရိကန်တပ်တွေနဲ့ တွဲလုပ်ရတာ အထောက်အကူဖြစ်စေတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

ဒီစစ်ဆင်ရေးမှာ အမေရိကန်တပ်တွေကို ဦးဆောင်နေတဲ့ အမေရိကန်ရေတပ် ဒုဗိုလ်ချုပ်ကြီး John Toolan က လည်း အမေရိကန်အနေနဲ့ တောင်တရုတ်ပင်လယ်ပြဿနာကို ကျော်လွှားနိုင်ဖို့အပါအဝင် ဒီဒေသတွင်း တည်ငြိမ်မှုကို မြင်ချင်တာပါလို့ ထုတ်ပြောခဲ့ပါတယ်။

ဒုဗိုလ်ချုပ်ကြီး Toolan က ဆက်ပြီး ခုလိုစစ်ရေးလေ့ကျင့်ခန်းတွေ နှစ်စဉ်လုပ်ခြင်းအားဖြင့် ဒီတောင်တရုတ်ပင်လယ်တွင်းဘာတွေဖြစ်နေလဲဆိုတာကို သိရဖို့ အရေးပါလာတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG