သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် Drone တိုက်ခိုက်မှုကြောင့် Al-Qaeda ခေါင်းဆောင်တဦးသေဆုံး


ပါကစ္စတန်နိုင်ငံ မြောက် Waziristan ဒေသက တာလီဘန်တို့ရဲ့ ခြံဝန်းတခုအပေါ် အမေရိကန်တို့ရဲ့ မောင်းသူမဲ့ Drone ယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း
အလိုရှိနေတဲ့ al-Qaeda ထိပ်တန်းခေါင်းဆောင်တယောက်အပါအဝင် စစ်သွေးကြွ ၄ ယောက်ထက်မနည်း သေဆံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပါကစ္စတန်လုံခြုံရေးတာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးသွားသူတွေထဲက တယောက်ဟာ ပါကစ္စတန်နိုင်ငံက al Qaida အဖွဲ့ ပြောခွင့်ရသူ Umar Farooq ဖြစ်တယ်လို့ စစ်တပ်တာဝန်ရှိသူတွေက ပြောပါတယ်။ မြောက် Waziristan က တာလီဘန်တပ်မှူး Hafiz Gul Bahadur နဲ့ဆက်စပ်နေတဲ့ ပါကစ္စတန် တာလီဘန်တွေ အဲဒီခြံဝန်းကို အသုံးပြုနေတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမဲ့ Drone နဲ့ တိုက်ခိုက်စဉ် Bahadur အဲဒီမှာ ရှိနေသလားဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။ အမေရိကန် နယူးယောက်မြို့က မြေအောက် မီးရထားသွားလာရေးစနစ်ကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်မှုမှာ ပါဝင်မှုနဲ့ အမေရိကန်က တရားစွဲထားတဲ့ al-Qaida ထိပ်တန်းခေါင်းဆောင် Adnan Shukrijumh ကို ပါကစ္စတန်စစ်တပ်က သုတ်သင်နိုင်ခဲ့ပြီး နောက်တရက်ဖြစ်တဲ့ ဒီကနေ့ တနင်္ဂနွေနေ့မှာ ပါကစ္စတန် al Qaida အဖွဲ့ပြောခွင့်ရသူ သေဆုံးခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG