သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

al-Shaba အကြီးအကဲတဦး drone ထိမှန်သေဆုံး


မောင်းသူမဲ့ Drone လေယာဉ်
မောင်းသူမဲ့ Drone လေယာဉ်

အမေရိကန်လက်ချက်ဖြစ်ဖွယ်ရှိတဲ့ မောင်းသူမဲ့ Drone လေယာဉ် နဲ့တိုက်ခိုက်ခံရမှုကြောင့် al-Shaba စစ်သွေးကြွ ထိပ်တန်းခေါင်းဆောင် တဦး သေဆုံးသွားတယ်လို့ Somalia နိုင်ငံ VOA သတင်းရင်းမြစ်တွေက ဆိုပါတယ်။ Somalia တောင်ပိုင်း Bardhere မြို့ အပြင်ဘက် ကြာသပတေးနေ့နှောင်းပိုင်း မှာ မော်တော်ယာဉ်တစင်းကို Drone ထိမှန်ခဲ့တာ ဖြစ်တယ်လို့ Somali အရာရှိတွေ al-Shaba နဲ့နီးစပ်သူတွေက VOA Somali ဌာနကို ပြောကြားခဲ့တာပါ။

ထိမှန်ခံရတဲ့မော်တော်ယာဉ်ဟာ al-Shaba လုံခြုံရေးဌာန Amniyat ရဲ့အကြီးအကဲ Adan Garaar ပိုင်တဲ့ ကားဖြစ်တယ်လို့ ဆိုပါတယ်။ drone ကြောင့် အဲဒီမော်တော်ယာဉ် လုံးဝပျက်စီးပြီး Garaar လဲသေဆုံးသွားတယ်လို့ဆိုပါတယ်။ drone နဲ့တိုက်ခိုက်မှုကိုရော Garaar သေဆုံးမှုကိုပါ အမေရိကန် ဘက်ကအတာ်မပြုသေးပါဘူး။

သေဆုံးသွားတယ်ဆိုတဲ့ Garaar ဟာ ၂၀၁၃ တုံးက လူပေါင်း ၆၀ ကျော် သေဆုံခဲ့ရတဲ့ Kenya နိုင်ငံ Westgate ဈေးဆိုင်တန်း ကို သေနပ်သမားတွေ စီးနင်းတိုက်ခိုက်မှုနဲ့ဆက်နွယ်နေသူဖြစ် ပါတယ်။

XS
SM
MD
LG