လာမယ့္ႏိုဝင္ဘာလ အေစာပိုင္းေလာက္က စၿပီး အေမရိကန္ႏိုင္ငံထဲ လာေရာက္မယ့္ ႏိ္္ုင္ငံျခားခရီးသြားေတြ အတြက္ ကို႐ိုနာဗိုင္းရပ္စ္ဆိုင္ရာ ကန္႔သတ္ခ်က္ေတြကို ေျဖေလွ်ာ့ေပးေတာ့မွာ ျဖစ္ေၾကာင္း အေမရိကန္အစိုးရက တနလၤာေန႔မွာ ေျပာပါတယ္။
ေႏြရာသီအားလပ္ရက္ကာလ မတိုင္ခင္ကတည္းက အီးယူဥေရာပႏိုင္ငံေတြက အေမရိကန္ခရီးသြားေတြ အေပၚ ကန္႔သတ္မႈေတြကို ေျဖေလွ်ာ့ ေပးခဲ့ေပမယ့္ အေမရိကန္ႏိုင္ငံကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါ ျဖစ္ပြါးေနခ်ိန္အတြင္း ၁၈ လေလာက္ ႏိုင္ငံျခား ခရီးသြားေတြအေပၚ ကန္႔သတ္မႈေတြလုပ္ခဲ့တာ ျဖစ္ပါတယ္။
အေမရိကန္ရဲ႕ မူဝါဒအသစ္အရ ႏိုင္ငံျခားခရီးသြားေတြဘက္က သူတို႔ ကိုဗစ္ကာကြယ္ေဆး ေဆးပတ္လည္ေအာင္ ထိုးႏွံၿပီးေၾကာင္း ျပသႏိုင္ရင္ ႏိုင္ငံတြင္း ဝင္ေရာက္ႏိုင္ၿပီလို႔ သမၼတအိမ္ျဖဴ ကိုဗစ္၁၉ ဆိုင္ရာ တာဝန္ခံ Jeff Zients က ေျပာပါတယ္။ ခရီးသြားေတြ အေနနဲ႔ အေမရိကန္ႏိုင္ငံတြင္း ဝင္ေရာက္မယ့္ ေလယာဥ္ခရီးစဥ္ မစတင္ခင္ ၃ ရက္ အတြင္း ကိုဗစ္ပိုးမရွိေၾကာင္း စမ္းသပ္ထားတဲ့ လက္မွတ္ျပသႏိုင္ရင္ ျဖစ္ေစ၊ ေလယာဥ္ေပၚ မတက္ခင္မွာ ကာကြယ္ေဆး အျပည့္ထိုးႏွံၿပီးေၾကာင္း ျပသႏိုင္ရင္ျဖစ္ေစ ဝင္ေရာက္ခြင့္ ေပးမွာ ျဖစ္ပါတယ္။
အေမရိကန္အစိုးရရဲ႕ အခုလို လုပ္ေဆာင္မႈအတြက္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson က ႀကိဳဆိုလိုက္ၿပီး ႏိုင္ငံျခားခရီးသြားေတြ အေနနဲ႔ ဒီႏွစ္ ႏိုဝင္ဘာ ၂၅ ရက္ေန႔မွာ က်င္းပမယ့္ Thanksgiving ေက်းဇူးေတာ္ေန႔ မတိုင္ခင္ အေမရိကန္ႏိုင္ငံကို သြားေရာက္ႏိုုင္ၿပီျဖစ္ေၾကာင္း ေျပာပါတယ္။
အေမရိကန္ခရီးသြားလုပ္ငန္း ဆိုင္ရာ US TA ကုန္သြယ္အဖြဲ႔ကလည္း အခုလို ခြင့္ျပဳလိုက္တာဟာ အေမရိကန္စီးပြါးေရး ျပန္နလံထူလာေစဖို႔ အေထာက္အကူျဖစ္ေၾကာင္းေျပာပါတယ္။ ဒါဟာ ကိုဗစ္ပိုးကို ေကာင္းေကာင္းကိုင္တြယ္ႏိုင္ၿပီဆိုတာကို ျပသလိုက္သလို ကိုဗစ္ကန္႔သတ္မႈေတြေၾကာင့္ ဆံုးရံႈးခဲ့ရတဲ့ ခရီးသြားလုပ္ငန္းနဲ႔ ဆက္စပ္ေနတဲ့ အလုပ္အကိုင္သန္းေပါင္းမ်ားစြာဟာလည္း အရွိန္ေကာင္းေကာင္းနဲ႔ ျပန္ေပၚလာႏိုင္ၿပီျဖစ္ေၾကာင္း USTA အဖြဲ႔အႀကီးအကဲက တနလၤာေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။
ေဆးပတ္လည္ေအာင္ ထိုးႏွံၿပီးသူေတြ အေမရိကန္ႏိုင္ငံကို လာေရာက္ရင္ အရင္လို quarantine လုပ္ သီးျခားခြဲေနရတာမ်ိဳး လည္း မလိုအပ္ေတာ့ပါဘူး။
-----------------------
ကိုဗစ်ကာကွယ်ဆေး ပတ်လည်အောင်ထိုးပြီး ရောဂါပိုးမတွေ့သူတွေ USA ကိုဝင်ခွင့်ရတော့မည်
လာမယ့်နိုဝင်ဘာလ အစောပိုင်းလောက်က စပြီး အမေရိကန်နိုင်ငံထဲ လာရောက်မယ့် နိ်ုင်ငံခြားခရီးသွားတွေ အတွက် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးတော့မှာ ဖြစ်ကြောင်း အမေရိကန်အစိုးရက တနင်္လာနေ့မှာ ပြောပါတယ်။
နွေရာသီအားလပ်ရက်ကာလ မတိုင်ခင်ကတည်းက အီးယူဥရောပနိုင်ငံတွေက အမေရိကန်ခရီးသွားတွေ အပေါ် ကန့်သတ်မှုတွေကို ဖြေလျှော့ ပေးခဲ့ပေမယ့် အမေရိကန်နိုင်ငံကတော့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွါးနေချိန်အတွင်း ၁၈ လလောက် နိုင်ငံခြား ခရီးသွားတွေအပေါ် ကန့်သတ်မှုတွေလုပ်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ မူဝါဒအသစ်အရ နိုင်ငံခြားခရီးသွားတွေဘက်က သူတို့ ကိုဗစ်ကာကွယ်ဆေး ဆေးပတ်လည်အောင် ထိုးနှံပြီးကြောင်း ပြသနိုင်ရင် နိုင်ငံတွင်း ဝင်ရောက်နိုင်ပြီလို့ သမ္မတအိမ်ဖြူ ကိုဗစ်၁၉ ဆိုင်ရာ တာဝန်ခံ Jeff Zients က ပြောပါတယ်။ ခရီးသွားတွေ အနေနဲ့ အမေရိကန်နိုင်ငံတွင်း ဝင်ရောက်မယ့် လေယာဉ်ခရီးစဉ် မစတင်ခင် ၃ ရက် အတွင်း ကိုဗစ်ပိုးမရှိကြောင်း စမ်းသပ်ထားတဲ့ လက်မှတ်ပြသနိုင်ရင် ဖြစ်စေ၊ လေယာဉ်ပေါ် မတက်ခင်မှာ ကာကွယ်ဆေး အပြည့်ထိုးနှံပြီးကြောင်း ပြသနိုင်ရင်ဖြစ်စေ ဝင်ရောက်ခွင့် ပေးမှာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရရဲ့ အခုလို လုပ်ဆောင်မှုအတွက် ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က ကြိုဆိုလိုက်ပြီး နိုင်ငံခြားခရီးသွားတွေ အနေနဲ့ ဒီနှစ် နိုဝင်ဘာ ၂၅ ရက်နေ့မှာ ကျင်းပမယ့် Thanksgiving ကျေးဇူးတော်နေ့ မတိုင်ခင် အမေရိကန်နိုင်ငံကို သွားရောက်နိုင်ပြီဖြစ်ကြောင်း ပြောပါတယ်။
အမေရိကန်ခရီးသွားလုပ်ငန်း ဆိုင်ရာ US TA ကုန်သွယ်အဖွဲ့ကလည်း အခုလို ခွင့်ပြုလိုက်တာဟာ အမေရိကန်စီးပွါးရေး ပြန်နလံထူလာစေဖို့ အထောက်အကူဖြစ်ကြောင်းပြောပါတယ်။ ဒါဟာ ကိုဗစ်ပိုးကို ကောင်းကောင်းကိုင်တွယ်နိုင်ပြီဆိုတာကို ပြသလိုက်သလို ကိုဗစ်ကန့်သတ်မှုတွေကြောင့် ဆုံးရှုံးခဲ့ရတဲ့ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ အလုပ်အကိုင်သန်းပေါင်းများစွာဟာလည်း အရှိန်ကောင်းကောင်းနဲ့ ပြန်ပေါ်လာနိုင်ပြီဖြစ်ကြောင်း USTA အဖွဲ့အကြီးအကဲက တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
ဆေးပတ်လည်အောင် ထိုးနှံပြီးသူတွေ အမေရိကန်နိုင်ငံကို လာရောက်ရင် အရင်လို quarantine လုပ် သီးခြားခွဲနေရတာမျိုး လည်း မလိုအပ်တော့ပါဘူး။