သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်က အီဘိုလာဝေဒနာရှင် အခြေအနေဆိုးဝါး


Thomas Duncan ဆေးကုသမှုခံယူနေသည့် တက္ကဆက်စ် ပြည်နယ်၊ ဒါးလက်စ်မြို့ရှိ Presbyterian ဆေးရုံ။ အောက်တိုဘာ ၄၊ ၂၀၁၄။
Thomas Duncan ဆေးကုသမှုခံယူနေသည့် တက္ကဆက်စ် ပြည်နယ်၊ ဒါးလက်စ်မြို့ရှိ Presbyterian ဆေးရုံ။ အောက်တိုဘာ ၄၊ ၂၀၁၄။

တက္ကဆက်စ်ပြည်နယ် Dallas ဆေးရုံမှာ ရောဂါကုသမှုခံယူနေတဲ့ လိုင်ဘေးရီးယား လူမျိုး အီဘိုလာ ရောဂါဝေဒနာရှင်ဟာ ရောဂါ အသည်းအသန် ဖြစ်နေတယ်လို့ ထိပ်တန်း အမေရိကန် ကျန်းမာရေး အကြီးအကဲတဦးက ပြောဆိုလိုက်ပါတယ်။

Thomas Eric Duncan နဲ့ ထိစပ်မှုရှိခဲ့သူတွေ အားလုံးကို ရှာဖွေနိုင်ရင် ဒါဟာ အီဘိုလာပြန့်ပွားမှု တားဆီးရေးအတွက် အထောက်အကူပြုလိမ့်မယ်ဆိုပြီး ရောဂါ ထိန်းချုပ်ရေးစင်တာက Dr Thomas Frieden က တနင်္ဂနွေနေ့တုန်းက CNN သတင်း ဌာနကို ပြောဆိုခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ရောဂါ ပြန့်ပွားမှု ဖြစ်မလာနိုင်ဘူးလို့ သူ့အနေနဲ့ ခိုင်ခိုင်မာမာယုံကြည်ကြောင်းလည်း ပြောဆိုပါတယ်။ ဒါပေမယ့်လည်း အနောက် အာဖရိကမှာ ရောဂါ ဖြစ်ပွါးနေတာ အချိန် ကြာလာတာနဲ့အမျှ တခြားနိုင်ငံတွေကို ကူးစက်နိုင်ခြေ ရှိလာမယ့်အပေါ်ကိုတော့ အမေရိကန် အာဏာပိုင်တွေက စိုးရိမ်ကြောင်း သူကပြောပါတယ်။

အီဘိုလာ ရောဂါဝေဒနာရှင် Duncan ရဲ့အခြေအနေဟာ စနေနေ့မှာ ရောဂါ အပြင်းအထန် ဖြစ်ပွားနေတာကနေ စိုးရိမ်ရတဲ့ အခြေအနေကို ရောက်ရှိလာတာပါ။

သူဟာ စက်တင်ဘာ ၂၀ ရက်နေ့က လိုင်ဘေးရီးယားကနေ အမေရိကန်ပြည်ထောင်စု ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လေးရက်အကြာမှာမှ အီဘိုလာရောဂါဖြစ်ပွားနေကြောင်း သိခဲ့ရတာ ဖြစ်ပါတယ်။

XS
SM
MD
LG