သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အမေရိကန်စီးပွားရေး ၄ နှစ်အတွင်း အမြင့်ဆုံးရောက်


အမေရိကန် စီးပွားရေးမြင့်လာကြောင့် ကြေညာချက်နဲ့ပတ်သက်လို့ အိမ်ဖြူတော်မှာ သမ္မတ ထရမ့်ပြောကြားစဉ်။ (ဇူလိုင် ၂၇၊ ၂၀၁၈)

အမေရိကန်စီးပွါးရေးဟာ ၄ နှစ်အတွင်း ဧပြီ၊ မေ နဲ့ ဂျွန် လတွေမှာ အရှိန်အဟုန် နဲ့ တိုးတက်လာပါတယ်။ ကူးသန်းရောင်းဝယ်ရေးဌာနရဲ့ သောကြာနေ့က ထုတ် ပြန်တဲ့ အစီရင်ခံစာမှာ ဒုတိယ ၃ လပတ်အတွင်း ၄.၁ ရာခိုင်နှုန်း အထိ တက်လာတယ်လို့ ဆိုပါတယ်။

သမ္မတ Donald Trump ကတော့ အခွန်စနစ်ပြုပြင်ပြောင်းလဲခဲ့တာနဲ့ သူ့ရဲ့ ကုန်သွယ်ရေး မူဝါဒသစ်တွေဟာ အမေရိကန်စီးပွါးရေးဦးမော့လာအောင် အထောက်အကူပြုခဲ့တယ်လို့ ပြောပါတယ်။ ဒီနှစ်အစောပိုင်းက ၁.၅ ထရီလီယံ ၀င်ငွေခွန် လျှော့ကောက်ခံတာအပါအ၀င် အခွန်စနစ် ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကြောင့် အမေရိကန်လူထုနဲ့ လုပ်ငန်းတွေမှာ ငွေ ပိုသုံးစွဲလာနိုင်ပြီး အခုလို စီးပွါးရေး တိုးတက်လာတာဖြစ်ကြောင်း ပညာရှင်တွေက သုံးသပ်ပါတယ်။

ကုန်သွယ်ရေးသဘောတူညီချက်သစ်တွေ တခုပြီးတခု စတင် အသက်ဝင်လာပြီ ဆိုတာနဲ့ ဒီထက်မက အခြေအနေ ပိုကောင်းလာနိုင်တယ်လို့လည်း ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။ ဒါပေမယ့်လည်း ဒီလို အလားအလာတွေ ဟာ ယာယီသာဖြစ်ပြီး နောင်လာမယ့်လတွေအတွင်း ပုံမှန် ပြန်ဖြစ်သွားမယ်လို့ ပညာရှင် အများအပြားက ခန့်မှန်းထားပါတယ်။

ဥပမာအနေနဲ့ဆိုရင် တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေး စစ်ပွဲကြောင့် တရုတ် ဘက်က လက်တုံ့ပြန် ကုန်သွယ်ခွန် တိုးမကောက်ခင်မှာ အမေရိကန် ပဲပိစပ် တွေကို အများအပြား ၀ယ်ယူကြတာမျိုးကြောင့် စီးပွါးရေး ပိုကောင်းလာတာမျိုး ဖြစ်တယ်လို့ bankrate.com က စီးပွါးရေးပညာရှင်တဦးဖြစ်တဲ့ Mark Hamrick က ထောက်ပြပါတယ်။ ဒါ့အပြင် အခွန်တိုးကောက်တာကြောင့် စိုက်ပျိုးရေးဂဏ္ဍက ထွက်ကုန် အများအပြား ၀ယ်ယူမှုတွေ လျော့ကျသွားနိုင်ကြောင်းလည်း သူက ထောက်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG