သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်စီးပွားရေး ထင်ထားသည်ထက် ပိုတိုးတက်


နယူးယောက် အစုရှယ်ယာဈေးကွက်နှင့် အစုရှယ်ယာ ရောင်းဝယ်သူတဦး။ ၂၈ သြဂုတ် ၂၀၁၈။
နယူးယောက် အစုရှယ်ယာဈေးကွက်နှင့် အစုရှယ်ယာ ရောင်းဝယ်သူတဦး။ ၂၈ သြဂုတ် ၂၀၁၈။

အမေရိကန်စီးပွားရေးဟာ ပြီးခဲ့တဲ့ ဧပြီ၊ မေနဲ့ ဇွန်လတွေမှာ ၄.၂% ထိ တိုးတက်လာပါတယ်။ ဒီ ဒုတိယသုံးလပတ် တိုးတက်မှုနှုန်း ဟာ ကနဦး ခန့်မှန်းထားတာတွေထက် ဝ.၁% ပိုများပါတယ်။

PNC ဘဏ်ရဲ့ စိးပွားရေးပညာရှင်ချုပ် Gus Faucher က “စီးပွားရေးအခြေအနေက သိပ်ကောင်းနေပါတယ်” လို့ဆိုပြီး ဒါဟာ သုံးနှစ်အတွင်း တနှစ်ပြီးတနှစ် ပိုတိုးလာတာမှာ အကောင်းဆုံးတိုးတက်မှု ဖြစ်တယ်လို့ပြောပါတယ်။

ဒါပေမဲ့ ၄% အထက် တိုးတက်မှုနှုန်းဟာ “ရေရှည်မခံနိုင်” ဘဲ ၂၀၁၈ ခုနှစ် ဒုတိယနှစ်ဝက်မှာ အနေအထားတခုအထိ ပြန် နှေးသွားနိုင်ပြီးတော့ တနှစ်လုံးအနေနဲ့ဆိုရင် တိုးတက်မှု ၃.၄% ရှိမယ်လို့ Gus Faucher ကပြောပါတယ်။ “အခွန်လျှော့ချပေးတာ ကြောင့်ဖြစ်တဲ့ တွန်းအားနဲ့ အသုံးစရိတ်တိုးမြှင့်ထားတာတွေ တဖြည်းဖြည်း လျော့သွားတာနဲ့အမျှ” ၂၀၁၉ နဲ့ ၂၀၂၀ ပြည့်နှစ်တွေ မှာ အမေရိကန်စီးပွားရေးတိုးတက်မှု နောက်ထပ် နှေးကွေးသွားမယ်လို့လည်း သူက ခန့်မှန်းပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး သမ္မတ ဒေါ်နယ်လ် ထရမ့်ပ်က “စားသုံးသူ ယုံကြည်မှုအညွှန်းကိန်း အခုလေးတင် ထွက်လာပြီး ၁၈ နှစ် အတွင်း အမြင့်ဆုံးမှာရှိနေတယ်၊ GDP ခန့်မှန်းချက်က ၄.၁ ကနေ ၄.၂ ဖြစ်သွားပြီ၊ ကျနော်တို့နိုင်ငံဟာ အခြေအနေ သိပ်ကောင်း နေတယ်” လို့ Twitter မှာ ဝမ်းသာအားရရေးပါတယ်။

အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် Chuck Schumer ကတော့ “တကယ့်ဝင်ငွေပမာဏက လျော့ကျနေတယ်၊ ရီပတ်ဘလီကန်တွေနဲ့ သမ္မတထရမ့်ပ်အစိုးရကြောင့် အထူးသဖြင့် လောင်စာဆီဈေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစရိတ် တွေလို လူနေမှုစရိတ်တွေက ဆက်ပြီး တက်နေတယ်ဆိုတဲ့အချက်ကို သမ္မတထရမ့်ပ် Twitter မှာ ဘယ်လောက်ပဲရေးရေး ပြောင်းမသွားနိုင်ပါဘူး” လို့ ထုတ်ပြန်ချက်တခုမှာ တုန့်ပြန် ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG