သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္စီးပြားေရး တတိယ ၃ လပတ္ အေျခအေန တိုးတက္မႈ


ခရစ္စမတ္ကာလ အစားအစာမ်ားေပးေဝရာေနရာျမင္ကြင္း (Reuters)

{{Zawgyi/Unicode}}

အေမရိကန္နိုင္ငံရဲ့ စီးပြားေရးက တတိယ သုံးလပတ္ကာလမွာ စံခ်ိန္တင္ တိုးတက္ခဲ့တယ္လို႔ အေမရိကန္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက အဂၤါေန႔က ေျပာပါတယ္။

စက္တင္ဘာလမွာ ကုန္ဆုံးခဲ့တဲ့ သုံးလတာ ကာလအတြင္း အေမရိကန္ စီးပြားေရး ၃၃ ဒႆမ ၄ ရာခိုင္ႏႈန္းတိုးတက္ခဲ့တာပါ။ မတ္လ အတြင္းက အေမရိကန္ ကြန္ဂရက္က အတည္ျပဳေပးခဲ့တဲ့ ေဒၚလာ ၂.၂ ထရီလီယံ သုံးစြဲတဲ့ ကပ္ေရာဂါဆိုင္ရာ အကူအညီေပးေရး အစီအစဥ္ေၾကာင့္ အခုလို တိုးတက္ခဲ့တာလည္း ျဖစ္ပါတယ္။

ကပ္ေရာဂါ အေျခအေနေၾကာင့္ ဒုတိယ သုံးလပတ္ကာလ အေမရိကန္ စီးပြားေရးက ၃၁.၄ ရာခိုင္ႏႈန္း အႏုတ္လကၡဏာၿပ က်ဆင္းခဲ့ ရာကေန အခုလို တစ္ရွိန္ထိုး တိုးတက္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ မႏွစ္က ဒီအခ်ိန္နဲ႔ ႏွိုင္းယွဥ္ရင္ေတာ့ အေမရိကန္ စီးပြားေရး ပမာဏ ၃.၅ ရာခိုင္ႏႈန္း ပိုမိုေသးငယ္သြားခဲ့ပါတယ္။

အေမရိကန္ စီးပြားေရးရဲ့ သုံးပုံႏွစ္ပုံ ပမာဏရွိတဲ့ စားသုံးသူေတြ ကုန္ပစၥည္း ဝယ္ယူသုံးစြဲမႈ အားေကာင္းတာ ေၾကာင့္ အခုတတိယ သုံးလပတ္ စီးပြားေရး တိုးတက္လာတာ ျဖစ္ပါတယ္။

ဒါေပမယ့္ စားသုံးသူေတြ ကုန္ပစၥည္း ဝယ္ယူသုံးစြဲမႈအား အခုတေလာ ေအးေနပုံရၿပီး လက္လီ ေရာင္းဝယ္မႈတြလည္း ေအာက္တိုဘာလ နဲ႔ နိုဝင္ဘာလေတြမွာ က်ဆင္းခဲ့ပါတယ္။

တနလၤာေန႔ကေတာ့ ေဒၚလာ ဘီလီယံ ၉၀၀ နီးပါးရွိတဲ့ ကပ္ေရာဂါကာလ စီးပြားေရး အကူအညီေပးေရး ဒုတိယအစီအစဥ္ကို အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္က အတည္ျပဳလိုက္တာေၾကာင့္ အဲဒီအစီအစဥ္က အေမရိကန္ စီးပြားေရး ျပန္လည္နိုးထေရး အေထာက္အကူေပးလိမ့္မယ္လို႔ ခန္႔မွန္းထားၾကပါတယ္။ ဒါေပမယ့္ ကပ္ေရာဂါဒဏ္ေၾကာင့္ ဘတ္ဂ်က္သုံးစြဲေရးမွာ အဆိုးဆုံး ထိခိုက္ခံေနရတဲ့ ျပည္နယ္နဲ႔ ေဒသဆိုင္ရာ အစိုးရေတြကို ေထာက္ပံ့ေပးတဲ့ အစီအစဥ္ေတြ မပါတာေၾကာင့္ ကြန္ဂရက္ရဲ့ အကူအညီေပးရး အစီအစဥ္ရဲ့ ထိေရာက္မႈက အကန္႔အသတ္ ရွိလိမ့္မယ္လို႔လည္း စီးပြားေရးပညာရွင္ေတြက ခန္႔မွန္းၾကပါတယ္။

.......................................

ကန္စီးပြားေရး တတိယ ၃ လပတ္ အေျခအေန တိုးတက္မႈ
please wait

No media source currently available

0:00 0:01:07 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}

အမေရိကန်နိုင်ငံရဲ့ စီးပွားရေးက တတိယ သုံးလပတ်ကာလမှာ စံချိန်တင် တိုးတက်ခဲ့တယ်လို့ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့က ပြောပါတယ်။

စက်တင်ဘာလမှာ ကုန်ဆုံးခဲ့တဲ့ သုံးလတာ ကာလအတွင်း အမေရိကန် စီးပွားရေး ၃၃ ဒဿမ ၄ ရာခိုင်နှုန်းတိုးတက်ခဲ့တာပါ။ မတ်လ အတွင်းက အမေရိကန် ကွန်ဂရက်က အတည်ပြုပေးခဲ့တဲ့ ဒေါ်လာ ၂.၂ ထရီလီယံ သုံးစွဲတဲ့ ကပ်ရောဂါဆိုင်ရာ အကူအညီပေးရေး အစီအစဉ်ကြောင့် အခုလို တိုးတက်ခဲ့တာလည်း ဖြစ်ပါတယ်။

ကပ်ရောဂါ အခြေအနေကြောင့် ဒုတိယ သုံးလပတ်ကာလ အမေရိကန် စီးပွားရေးက ၃၁.၄ ရာခိုင်နှုန်း အနုတ်လက္ခဏာပြ ကျဆင်းခဲ့ ရာကနေ အခုလို တစ်ရှိန်ထိုး တိုးတက်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မနှစ်က ဒီအချိန်နဲ့ နှိုင်းယှဉ်ရင်တော့ အမေရိကန် စီးပွားရေး ပမာဏ ၃.၅ ရာခိုင်နှုန်း ပိုမိုသေးငယ်သွားခဲ့ပါတယ်။

အမေရိကန် စီးပွားရေးရဲ့ သုံးပုံနှစ်ပုံ ပမာဏရှိတဲ့ စားသုံးသူတွေ ကုန်ပစ္စည်း ဝယ်ယူသုံးစွဲမှု အားကောင်းတာ ကြောင့် အခုတတိယ သုံးလပတ် စီးပွားရေး တိုးတက်လာတာ ဖြစ်ပါတယ်။

ဒါပေမယ့် စားသုံးသူတွေ ကုန်ပစ္စည်း ဝယ်ယူသုံးစွဲမှုအား အခုတလော အေးနေပုံရပြီး လက်လီ ရောင်းဝယ်မှုတွလည်း အောက်တိုဘာလ နဲ့ နိုဝင်ဘာလတွေမှာ ကျဆင်းခဲ့ပါတယ်။

တနင်္လာနေ့ကတော့ ဒေါ်လာ ဘီလီယံ ၉၀၀ နီးပါးရှိတဲ့ ကပ်ရောဂါကာလ စီးပွားရေး အကူအညီပေးရေး ဒုတိယအစီအစဉ်ကို အမေရိကန် ကွန်ဂရက်လွှတ်တော်က အတည်ပြုလိုက်တာကြောင့် အဲဒီအစီအစဉ်က အမေရိကန် စီးပွားရေး ပြန်လည်နိုးထရေး အထောက်အကူပေးလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါပေမယ့် ကပ်ရောဂါဒဏ်ကြောင့် ဘတ်ဂျက်သုံးစွဲရေးမှာ အဆိုးဆုံး ထိခိုက်ခံနေရတဲ့ ပြည်နယ်နဲ့ ဒေသဆိုင်ရာ အစိုးရတွေကို ထောက်ပံ့ပေးတဲ့ အစီအစဉ်တွေ မပါတာကြောင့် ကွန်ဂရက်ရဲ့ အကူအညီပေးရး အစီအစဉ်ရဲ့ ထိရောက်မှုက အကန့်အသတ် ရှိလိမ့်မယ်လို့လည်း စီးပွားရေးပညာရှင်တွေက ခန့်မှန်းကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG