သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ကာကွယ်ရေး လုပ်ဆောင်ဖို့ ကန် အောက်လွှတ်တော်အမတ် လိုလား


ဘင်္ဂလားဘက် တိမ်းရှောင်လာတဲ့ မူဆလင်ဒုက္ခသည်များ။
ဘင်္ဂလားဘက် တိမ်းရှောင်လာတဲ့ မူဆလင်ဒုက္ခသည်များ။

ရိုဟင်ဂျာမွတ်ဆလင်တွေ သတ်ဖြတ်ခံနေရတာ ရပ်တန့်သွားအောင် အမေရိကန် အစိုးရအနေနဲ့ အစွမ်းကုန်လုပ်ဆောင်ဖို့ ဗာဂျီးနီး ယားပြည်နယ် အောက်လွှတ်တော်အမတ် Don Beyer က ပြောလိုက်ပါတယ်။

“ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့အခြေအနေဟာ သိပ်ကိုခက်ခဲလှပါတယ်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ မျိုးဖြုတ်သတ်ဖြတ်ခံနေရတာ ရပ်တန့်သွားအောင် အမေရိကန်အစိုးရက လုပ်နိုင်သမျှ အားလုံး လုပ်စေချင်ပါ တယ်။”လို့ ဗွီအိုအေ ဘင်္ဂါလီဘာသာဌာနနဲ့ ကြာသပတေးနေ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ အောက်လွှတ်တော်အမတ် Beyer က ပြောသွားပါတယ်။

ဒါ့အပြင် မကြာသေးခင်က ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးက ရိုဟင်ဂျာဆိုတာကို သုံးနှုန်းပြောဆိုခဲ့တာ၊ ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံခဲ့တာတွေအပေါ် သူ့အနေနဲ့ သိပ်ကို ကျေနပ်မိတဲ့အကြောင်းလဲ မစ္စတာ Beyer ကပြောပါတယ်။

လက်ရှိအခြေအနေကို ဘယ်လိုဖြေရှင်းမယ်ဆိုတာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နည်းလမ်းရှာ နိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဗာဂျီးနီးယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ် Mark Sickles ကလဲ ဘင်္ဂါလီဌာနနဲ့ သီးခြား တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့ပါသေးတယ်။

သတ်ဖြတ်မှုတွေ ရပ်သွားအောင်လုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိအားပေးတာတွေ အများအပြားရှိနေကြောင်း၊ ဒါဟာ သိပ်ကို ရှုပ်ထွေးတဲ့အခြေအနေဖြစ်ကြောင်း၊ ဒီအခြေအနေကို ကျော်ဖြတ်နိုင်ဖို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့အတွက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို ကျေးဇူးတင်တဲ့အကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Mark Sickles ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG