သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ရွေးကောက်ပွဲစည်းရုံးပွဲများ ပြန်စတင်


မစ္စတာအိုဘားမား အိုဟိုင်းယိုး ပြည်နယ်မှာ သောကြာနေ့တနေ့လုံး မဲဆွယ်စည်းရုံးရေးနေစဉ်
အမေရိကန်သမ္မတ ဘရက်အိုဘားမားနဲ့ စိန်ခေါ်သူ ပြိုင်ဘက် ရီပတ်ဘလစ်ကင် သမ္မတလောင်း မစ်ရော်မနေ တို့ဟာ လာမယ့် အင်္ဂါနေ့မှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲမတိုင်ခင် မဲပေးဖို့ဆုံးဖြတ်ချက် မချမှတ်ရသေးသူ အများစုရှိရာ ပြည်နယ်တွေမှာ နောက်ဆုံးအနေနဲ့ မဲဆွယ်မှုတွေ ပြုလုပ်နေပါတယ်။
ဝစ္စကိုဆင်၊ နီဗားဒါး၊ ကော်လိုရာဒိုနဲ့ အိုဟိုင်းယိုးပြည်နယ်တွေမှာ လူထုမဲဆွယ်စည်းရုံးရေးပွဲတွေ ကျင်းပခဲ့ပြီးတဲ့နောက် မစ္စတာအိုဘားမားဟာ သမ္မတလောင်းတွေအတွက် အနိုင်ရမှုအတွက် အဆုံးဖြတ်ပေးဖို့ အရေးပါတဲ့ အိုဟိုင်းယိုး ပြည်နယ်မှာ သောကြာနေ့တနေ့လုံး မဲဆွယ်စည်းရုံးရေးတွေ ဆက်လုပ်ဖို့ စီစဉ်ထားပါတယ်။

သူ့ရဲ့ပြိုင်ဖက် မစ္စတာရော်မနေဟာလည်း သောကြာနေ့မှာ ၀စ္စကိုဆင်နဲ့ အိုဟိုင်ယိုးပြည်နယ် အတွင်းမှာ လှည့်လည်ဖို့ ပြင်ဆင်ထားပါတယ်။ အိုဟိုင်းယိုးပြည်နယ်မြို့တော် ၀က်ချစ္စတာ မှာ မစ္စတာရော်မနီနဲ့အတူ သူ့ရဲ့ ဒုတိယ သမ္မတလောင်း ပေါလ်ရွိုင်ယင်လည်း မဲဆွယ်ရာမှာ ကူညီလိုက်ပါပေးမှာ ဖြစ်ပါတယ်။
မစ္စတာရော်မနေ ရဲ့ မဲဆွယ်ပွဲကို ဒေသအုပ်ချုပ်ရေးမှုးတွေ မြို့တော်ဝန်တွေ အထက်လွှတ်တော် အမတ်တွေ အပါအ၀င် အရာရှိတွေ တစ်ရာလောက် တက်ရောက်ကြလိမ့်မယ်လို့ သူ့ရဲ့မဲဆွယ်ပွဲ စည်းရုံးရေး တာဝန်ရှိသူတွေက ပြောပါတယ်။ မစ္စတာရော်မနေဟာ သူ့ရဲ့မဲဆွယ်စည်းရုံးရေးနောက်ဆုံးနေ့တွေကို နယူးဟန်စပိုင်းယား အိုင်အိုဝါနဲ့ ကော်လိုရာဒို ပြည်နယ် တွေမှာ လှည့်လည်စည်းရုံးဖို့ ပြင်ဆင်ထားပါတယ်။
XS
SM
MD
LG