အမေရိကန်နိုင်ငံမှာ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ ဥပဒေပြုရေးဆိုင်ရာ အစီအစဉ်တွေကို အကြီးအကျယ် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရစေနိုင်ပြီး အမေရိကန် ကွန်ဂရက် လွှတ်တော်ရဲ့ အာဏာကို တရားမျှတအောင် ထိန်းထားတဲ့ ချိန်ခွင်လျှာကို တခြားပါတီဘက်ကို စောင်းသွားစေနိုင်တဲ့ ရွေးကောက်ပွဲ တခုကို အမေရိကန် ပြည်သူတွေ မဲဆန္ဒ ပေးခဲ့ကြပါတယ်။
ဆန္ဒမဲ စစ်တမ်းတွေရဲ့ အဆိုအရ စီးပွားရေး ကျဆင်းမှုဟာ ဒီရွေးကောက်ပွဲရဲ့ အဓိက ပြဿနာဖြစ်ပြီး အတော်များများက သမ္မတ အိုဘားမားကိုသာမက နိုင်ငံရေးပါတီ ၂ ခုစလုံးကို ဝေဖန် ပြောဆိုကြတယ်လို့ သိရပါတယ်။
အောက်လွှတ်တော်အမတ် ၄၃၅ နေရာနဲ့ အထက်လွှတ်တော်အမတ် ၁၀၀ ထဲက ၃၇ နေရာတို့ဟာ အဓိက အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။
နေရာဒေသ အချို့က မဲရုံတွေကို ညနေပိုင်းမှာ ပိတ်လိုက်ပြီး ဖြစ်ပေမဲ့ ဒီရွေးကောက်ပွဲရဲ့ ရလဒ်ကို သိဖို့ကတော့ ရက်အနည်းငယ် စောင့်ကြရဦးမှာ ဖြစ်ပါတယ်။