သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးကြောင့် ရွေးကောက်ပွဲမှာ သမ္မတ အိုဘားမား ပါတီ အရေးနိမ့်


စီးပွားရေးကြောင့် ရွေးကောက်ပွဲမှာ သမ္မတ အိုဘားမား ပါတီ အရေးနိမ့်

အဂါင်္နေ့က ကျင်းပခဲ့တဲ့ အမေရိကန် လွှတ်တော် ရွေးကောက်ပွဲတွေမှာ သူ့ရဲ့ ဒီမိုကရက်တစ်ပါတီ အကြီးအကျယ် အရေးနိမ့်သွားခဲ့တယ် ဆိုတာကို အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အသိအမှတ် ပြုလိုက်ပြီး တဆက်တည်းမှာပဲ ဒီမိုကရက်တွေရဲ့ ရှုံးနိမ့်မှုဟာ နိုင်ငံရဲ့ ကျဆင်းနေတဲ့ စီးပွားရေးကို လူတွေ အကြီးအကျယ် စိတ်ပျက်နေတယ်ဆိုတာ ဖော်ပြနေတယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော် အစည်းအဝေးမှာ စီးပွားရေး တိုးတက်မှုတွေ မြန်သင့်သလောက် မြန်အောင် မလုပ်နိုင်တာ သူ့မှာ တာဝန်ရှိပြီး သူ့အနေနဲ့ ရီပတ်ဘလစ်ကန်တွေနဲ့ သဘောတူညီမှု ရနိုင်မယ့် အခြေခံ အခွင့်အလမ်းကောင်းတွေကို ရှာဖွေမယ်လို့သန္နိဋ္ဌာန်ချကြောင်း ပြောလိုက်ပါတယ်။

အတိုက်အခံ ရီပတ်ဘလစ်ကန်ပါတီက အောက်လွှတ်တော်မှာ အမတ်နေရာ အများစုနဲ့ အနိုင်ရပြီး အထက်လွှတ်တော်မှာလည်း အောင်မြင်မှုတွေ ရခဲ့ပါတယ်။

ဘယ်လို တခုတည်းသော ပါတီမျိုးကမှ အမေရိကန်နိုင်ငံရဲ့ အရေးကိစ္စတွေကို ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့ သမ္မတက ပြောဆိုလိုက်ပြီး သူ့နေနဲ့ အမေရိကန် စီးပွားရေး တိုးတက်ဖို့နဲ့ အလုပ်အကိုင် ပေါများလာအောင် ဘယ်လိုလုပ်သင့်တယ် ဆိုတဲ့ ရီပတ်ဘလစ်ကန်တွေရဲ့ အမြင်ကို ကြားချင်ကြောင်းနဲ့ ရီပတ်ဘလစ်ကန်တွေရဲ့ ထောက်ခံ အားပေးမှု မရဘဲ သမ္မတရဲ့ စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူးလို့ သူနားလည် လက်ခံပါတယ်လို့ ပြောကြားခဲ့ပါတယ်။

လာမယ့် ဇန်န၀ါရီမှာ ကွန်ဂရက်လွှတ်တော် အသစ်ဖွဲ့တဲ့အခါမှာ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် ဂျွန် ဘေနာ (John Boehner) က ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာဖို့ရှိပြီး သူ့ပါတီရဲ့ အဓိက ရည်ရွယ်ချက်တွေက အလုပ်အကိုင် ပေါများအောင် ဖန်တီးပေးဖို့နဲ့ အစိုးရ အသုံးစရိတ် လျှော့ချဖို့ ဖြစ်တယ်လို့ ဘေနာက ပြောပါတယ်။

XS
SM
MD
LG