သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သမ္မတရွေးပွဲ မဲဆွယ်မှု အရှိန်ပြန်ရ


Denver လေဆိပ်တွင် ကြိုဆိုသူများကို အမေရိကန်သမ္မတ အိုဘားမား နူတ်ဆက်နေစဉ် (နိုဝင်ဘာ ၁၊၂၀၁၂)
Denver လေဆိပ်တွင် ကြိုဆိုသူများကို အမေရိကန်သမ္မတ အိုဘားမား နူတ်ဆက်နေစဉ် (နိုဝင်ဘာ ၁၊၂၀၁၂)
အမေရိကန် ပြည်ထောင်စု အရှေ့ခြမ်းမှာ တိုက်ခတ်ခဲ့တဲ့ အားပြင်းဟာရီကိန်းမုန်တိုင်း Sandy ဒဏ်ခံခဲ့ရတဲ့ ဒေသတွေ အတွက် အချိန်ပေး ဆောင်ရွက်နေတဲ့ အမေရိကန် သမ္မတ ဘားရက် အိုဘားမား Barack Obama ဟာ မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ ပြန်အရွေးခံရဖို့ မဲဆွယ်ပွဲတွေ ပြန်လုပ်နေပြီဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီက လက်ရှိသမ္မတ အိုဘားမားဟာ ဘယ်ပါတီကို မဲပေးမယ် ဆိုတာ သေသေချာချာ မဆုံးဖြတ်ကြသေးတဲ့ အဓိက ပြည်နယ်ကြီး ၃ခုဖြစ်တဲ့ Wisconsin Nevada နဲ့ Colorado ပြည်နယ်တွေကို ကြာသပတေးနေ့မှာ သွားရောက်နေပါတယ်။ ဒီပြည်နယ်တွေမှာ ရှိတဲ့ ဒေသခံတွေ ကို သူ့ဘက်ပါအောင် မပြောနိုင်ရင် လာမယ့် နိုဝင်ဘာ ၆ရက် အင်္ဂါနေ့ ရွေးကောက်ပွဲမှာ သူ့ ပြိုင်ဘက် ရီပတ်ဘလစ်ကင် က သမ္မလောင်း Mitt Romney အနိုင်ရသွားနိုင်ပါတယ်။ မစ္စတာ ရော်မနီ ကတော့ သေသေချာချာ မဆုံးဖြတ်သေးတဲ့ မဲပေးသူတွေ ရှိရာ နောက်ပြည်နယ်တခုဖြစ်တဲ့ Virginia ပြည်နယ် မှာ မဲဆွယ်ဖို့ ရောက်နေပါတယ်။

သူတို့ ၂ဦး စလုံးဟာ အမေရိကန်နိုင်ငံရဲ့ ကျဆင်းနေတဲ့ စီးပွါးရေး တိုးတက်ကောင်းမွန်အောင် လုပ်မယ့် သူတို့ရဲ့ အစီအစဉ်တွေနဲ့ ပါတ်သက်ပြီး အပြန်အလှန် အပစ်တင် ဝေဘန်နေကြပါတယ်။ သမ္မတ အိုဘားမားရဲ့ သမ္မတ သက်တမ်း ၄နှစ်အတွင်း အလယ်အလတ်တန်းစား အမေရိကန် နိုင်ငံသားတွေရဲ့ စီးပွါးရေး သိပ်ကိုကြပ်တည်း ခဲ့ရတယ်လို့ Virginia ပြည်နယ် Roanoke မှာ မစ္စတာ ရော်မနီ က ဝေဖန်လိုက်သလို မစ္စတာ ရော်မနီရဲ့ ချမ်းသာသူတွေ အတွက် ဦးစားပေးတဲ့ စီးပွါးရေး အစီအစဉ်တွေဟာ အရင်ကလည်း မအောင်မြင်ခဲ့သလို အခုလည်း အောင်မြင်မှာ မဟုတ်ဘူးလို့ သမ္မတ အိုဘားမားက ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG