သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗာဂ်ီးနီးယားျပည္နယ္က ျမန္မာႏြယ္ဖြား မဲဆႏၵရွင္မ်ား ေရြးေကာက္ပဲြေန႔ အေတြ႕အႀကံဳ


ဗာဂ်ီနီးယားျပည္နယ္မွာေတာ့ မဲဆႏၵရွင္အမ်ားစုဟာ ဒီမိုကရက္သမၼတေလာင္း ဂ်ိဳးဘိုင္ဒန္ကို မဲေပးၾကတာ ေတြ႕ရပါတယ္။ ဒါအျပင္ ဒီျပည္နယ္မွာ မဲ႐ုံးေတြဖြင့္လွစ္ခ်ိန္ဟာ နံနက္ (၆)နာရီကေန ည (၇)နာရီထိျဖစ္ပါတယ္။ ဗာဂ်ီးျပည္နယ္မွာ မဲေပးသူ ၅၀% ေက်ာ္ဟာ ႀကိဳတင္မဲေတြ ေပးထားၾကၿပီပါၿပီ။

အခုဆိုရင္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲ က်င္းပတဲ့ေန႔ကို ေရာက္လာခဲ့ပါၿပီ။ ႏိုဝင္ဘာလ (၃)ရက္ အဂၤါေန႔ မွာ က်င္းပတဲ့ အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲေန႔မွာ သက္ဆိုင္ရာ မဲ႐ုံးေတြကို လူကိုယ္တိုင္ သြားေရာက္မဲထည့္ၾကတဲ့ ဗာဂ်ီးနီးယားျပည္နယ္က ျမန္မာႏြယ္ဖြားတခ်ိဳ႕ရဲ႕ အေတြ႕အႀကဳံေတြကို မအင္ၾကင္းႏိုင္က သြားေရာက္ေမးျမန္း တင္ဆက္ထားပါတယ္။

ဗာဂ်ီနီးယားျပည္နယ္မွာေတာ့ မဲဆႏၵရွင္အမ်ားစုဟာ ဒီမိုကရက္သမၼတေလာင္း ဂ်ိဳးဘိုင္ဒန္ကို မဲေပးၾကတာ ေတြ႕ရပါတယ္။ ဒါအျပင္ ဒီျပည္နယ္မွာ မဲ႐ုံးေတြဖြင့္လွစ္ခ်ိန္ဟာ နံနက္ (၆)နာရီကေန ည (၇)နာရီထိျဖစ္ပါတယ္။ ဗာဂ်ီးျပည္နယ္မွာ မဲေပးသူ ၅၀% ေက်ာ္ဟာ ႀကိဳတင္မဲေတြ ေပးထားၾကၿပီပါၿပီ။

အခု အေမရိကန္သမၼတ ေရြးေကာက္ပဲြအတြက္ ႀကိဳတင္မဲေပးသူေပါင္း သန္း ၁၀၀ ေက်ာ္ရွိေနပါတယ္။ ဒါဟာ ၂၀၁၆ခုႏွစ္က သမၼတေရြးေကာက္ပဲြမွာမဲထည့္သူစုစုေပါင္းရဲ႕ ၇၀% ေက်ာ္ရွိေနတယ္လို႔ အေမရိကန္သတင္းဌာနေတြက ေဖၚျပခဲ့ၾကပါတယ္။ အေမရိကန္ လူငယ္အမ်ားအျပားမဲထည့္ၾကတဲ့ အေၾကာင္းအရင္းက Black live matter လိုမ်ဳိး လူမ်ဳိးေရးခဲြျခားမႈ ဆန္႔က်င္တဲ့ ႏိုင္ငံေရး ႏုိးၾကားမႈ ေတြ၊အျမင္ေတြ က်ယ္လာၾကလို႔ျဖစ္တယ္လို႔ လည္း သံုးသပ္ခ်က္ေတြရွိေနပါတယ္။ စာတိုက္က တဆင့္ ႀကိဳတင္မဲေတြ ေပးတဲ့ေနရာမွာ အမွားအယြင္းေတြရွိေနတာ၊ အဂၤါေန႔က တခ်ဳိ႕ျပည္နယ္ မဲရံုေတြမွာ မဲေပးတဲ့ စက္ခ်ဳိ႕ယြင္းမႈေတြ စတဲ့ အခက္အခဲေတြ ရွိခဲ့ပါတယ္။
----------------------
ဗာဂျီးနီးယားပြည်နယ်က မြန်မာနွယ်ဖွား မဲဆန္ဒရှင်များ ရွေးကောက်ပွဲနေ့ အတွေ့အကြုံ

အခုဆိုရင် အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပတဲ့နေ့ကို ရောက်လာခဲ့ပါပြီ။ နိုဝင်ဘာလ (၃)ရက် အင်္ဂါနေ့ မှာ ကျင်းပတဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲနေ့မှာ သက်ဆိုင်ရာ မဲရုံးတွေကို လူကိုယ်တိုင် သွားရောက်မဲထည့်ကြတဲ့ ဗာဂျီးနီးယားပြည်နယ်က မြန်မာနွယ်ဖွားတချို့ရဲ့ အတွေ့အကြုံတွေကို မအင်ကြင်းနိုင်က သွားရောက်မေးမြန်း တင်ဆက်ထားပါတယ်။

ဗာဂျီနီးယားပြည်နယ်မှာတော့ မဲဆန္ဒရှင်အများစုဟာ ဒီမိုကရက်သမ္မတလောင်း ဂျိုးဘိုင်ဒန်ကို မဲပေးကြတာ တွေ့ရပါတယ်။ ဒါအပြင် ဒီပြည်နယ်မှာ မဲရုံးတွေဖွင့်လှစ်ချိန်ဟာ နံနက် (၆)နာရီကနေ ည (၇)နာရီထိဖြစ်ပါတယ်။ ဗာဂျီးပြည်နယ်မှာ မဲပေးသူ ၅၀% ကျော်ဟာ ကြိုတင်မဲတွေ ပေးထားကြပြီပါပြီ။

အခု အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးသူပေါင်း သန်း ၁၀၀ ကျော်ရှိနေပါတယ်။ ဒါဟာ ၂၀၁၆ခုနှစ်က သမ္မတရွေးကောက်ပွဲမှာမဲထည့်သူစုစုပေါင်းရဲ့ ၇၀% ကျော်ရှိနေတယ်လို့ အမေရိကန်သတင်းဌာနတွေက ဖေါ်ပြခဲ့ကြပါတယ်။ အမေရိကန် လူငယ်အများအပြားမဲထည့်ကြတဲ့ အကြောင်းအရင်းက Black live matter လိုမျိုး လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တဲ့ နိုင်ငံရေး နိုးကြားမှု တွေ၊အမြင်တွေ ကျယ်လာကြလို့ဖြစ်တယ်လို့ လည်း သုံးသပ်ချက်တွေရှိနေပါတယ်။ စာတိုက်က တဆင့် ကြိုတင်မဲတွေ ပေးတဲ့နေရာမှာ အမှားအယွင်းတွေရှိနေတာ၊ အင်္ဂါနေ့က တချို့ပြည်နယ် မဲရုံတွေမှာ မဲပေးတဲ့ စက်ချို့ယွင်းမှုတွေ စတဲ့ အခက်အခဲတွေ ရှိခဲ့ပါတယ်။
XS
SM
MD
LG