သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရွေးကောက်ပွဲ လွှတ်တော်နှစ်ရပ် Republican ထိန်းချု ုပ်မယ့် အလားအလာရှိ


ရီပတ်ဘလီကင် ကိုယ်စားလှယ်လောင်း Rob Astorino (ယာ) နဲ့ ကွန်ဂရက်စ်အမတ် Michael Grimm တို့ နယူးယောက်မြို့က ကုန်စုံဆိုင်ရှေ့မှာ ပြည်သူတွေကို နှုတ်ဆက်နေစဉ်။ (နိုဝင်ဘာ ၃၊ ၂၀၁၄)
ရီပတ်ဘလီကင် ကိုယ်စားလှယ်လောင်း Rob Astorino (ယာ) နဲ့ ကွန်ဂရက်စ်အမတ် Michael Grimm တို့ နယူးယောက်မြို့က ကုန်စုံဆိုင်ရှေ့မှာ ပြည်သူတွေကို နှုတ်ဆက်နေစဉ်။ (နိုဝင်ဘာ ၃၊ ၂၀၁၄)

အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ အင်္ဂါနေ့ဟာ လွှတ်တော် ကြားကာလသက်တမ်းဝက် ရွေးကောက်ပွဲအတွက် မဲပေးကြမယ့်နေ့ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ဆယ်နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် လွှတ်တော်မှာ ရီပတ်ဘလစ်ကင်ပါတီဘက်က ထိန်းချုပ်ဖို့ ဖြစ်လာနိုင်မယ့် ရွေးကောက်ပွဲလို့ အကဲခတ်တွေက ခန့်မှန်းကြပါတယ်။

ဒီမိုကရက်တစ်ပါတီက သမ္မတ Barack Obama ရဲ့ သမ္မတသက်တမ်းကုန်ခါနီး၂ နှစ်အတွင်း ခန့်မှန်းထားတဲ့အတိုင်း လွှတ်တော်မှာ ရီပတ်ဘလစ်ကင်တွေကသာ ထိန်းချုပ်နိုင်ခဲ့ရင် နိုင်ငံရေးပြဿနာသစ်တွေပေါ်ပေါက်လာနိုင်တယ်လို့ တွက်ဆနေကြတာပါ။

အမေရိကန်ပြည်ထောင်စုမှာ သမရိုးကျအယူဝါဒ စွဲကိုင်သူတွေအဖြစ် ယေဘုယျ သတ်မှတ်တာခံရတဲ့ ရီပတ်ဘလစ်ကင် ပါတီဝင်တွေဟာ အမတ်နေရာ ၄၃၅ နေရာရှိတဲ့ အောက်လွှတ်တော်မှာ အမတ်နေရာ ၂၃၃ နေရာရပြီး ထိန်းချုပ်ထားရာကနေ နောက်ထပ် အမတ်နေရာတွေလည်း ရနိုင်ခြေ ရှိနေပါတယ်။

လက်ရှိမှာတော့ သဘောထား ပွင့်လင်းသူတွေဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီက အမတ်နေရာ ၁၀၀ ရှိတဲ့ အထက်လွှတ်တော်မှာ ၅၅ နေရာကို ရထားပေမယ့်လည်း အခုရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကင်ပါတီက အမတ်အများစုနေရာကို ရနိုင်ခြေ ရှိနေတာပါ။

အောက်လွှတ်တော်က အမတ်နေရာအားလုံးနဲ့ အထက်လွှတ်တော်က အမတ်နေရာ သုံးပုံတပုံအတွက် အခုရွေးကောက်ပွဲမှာ မဲပေးရွေးချယ် ကြမှာ ဖြစ်ပါတယ်။ ၂၀၁၂ သမ္မတရွေးကောက်ပွဲမှာ ဒုတိယအကြိမ် လေးနှစ်သက်တမ်းအတွက် ပြန်လည် အရွေးခံခဲ့ရတဲ့ သမ္မတအိုဘားမားကတော့ အခုရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တာ မဟုတ်ပေမယ့် သူ့ရဲ့မူဝါဒတွေဟာ ဒီရွေးကောက်ပွဲအပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။

XS
SM
MD
LG