သုံးရလွယ်ကူစေသည့် Link များ

အမေရိကန် သမ္မတလောင်း ရွေးပွဲအတွက် ရီပတ်ဘလစ်ကန်ပါတီက အင်္ဂါနေ့မှာ Caucus - ပါတီတွင်း မဲပေးပွဲတွေကို Nevada ပြည်နယ်တ၀ှမ်းလုံးမှာ ကျင်းပတဲ့အခါ၊ မဲဆန္ဒရှင် အရေအတွက် မများလှပေမဲ့လည်း ယှဉ်ပြိုင်နေသူတွေကြား ပိုပြီး ပြတ်ပြတ်သားသား ဖြစ်လာနိုင်တဲ့အထိ အကျိုးဆက် ကတော့ ကြီးမားပါလိမ့်မယ်။

ယှဉ်ပြိုင်သူတဦးဖြစ်တဲ့ ကုဋေကြွယ်သူဌေး Donald Trump ကတော့ New Hampshire နဲ့ တောင် Carolina ပြည်နယ်တွေက ပဏာမရွေးချယ်မှုတွေမှာ အနိုင်ရခဲ့ပြီးနောက်၊ နောက်ဆုံး ကောက်ယူတဲ့ လူထုစစ်တမ်းတွေမှာလည်း ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။ Donald Trump က ထောက်ခံမှု ၄၀ ရာခိုင်နှုန်းရထားပြီး၊ ပြိုင်ဖက်တွေ ဖြစ်ကြတဲ့ အထက်လွှတ်တော်အမတ် Marco Rubio နဲ့ Ted Cruz တို့ကတော့ ၂၀ ရာခိုင်နှုန်းစီနဲ့ ဒုတိယနေရာ ရနိုင်ဖို့ အကြိတ်အနယ် ကြိုးစားနေကြပါတယ်။

Ohio ပြည်နယ် အုပ်ချုပ်ရေးမှူး John Kasich နဲ့ အငြိမ်းစားခွဲစိတ်ဆရာဝန် Ben Carson တို့ကတော့ ထောက်ခံမှု ၁၀ ရာခိုင်နှုန်းအောက်မှာသာ ရှိနေတဲ့အတွက် မဲပေးပွဲမှာ အဓိကစိန်ခေါ်သူတွေတော့ မဖြစ်နိုင်ကြပါဘူး။

Nevada ပြည်နယ်မှာ မဲပေးမယ့်သူတွေဟာ အဓိကမြို့ကြီး ၃ မြို့ရဲ့ပြင်ပ ကျေးလက်ဒေသတွေမှာ နေထိုင်သူတွေ ဖြစ်ကြတဲ့အတွက်လည်း မဲပေးပွဲသမိုင်းတလျှောက် လူထုစစ်တမ်းတွေကို အတိအကျ ကောက်ယူဖို့ ခက်ခဲလေ့ရှိတတ်ပါတယ်။

ဒီတကြိမ်ဟာ ရီပတ်ဘလစ်ကန်ပါတီက တတိယအကြိမ် ပါတီတွင်း မဲပေးပွဲကျင်းပတာ ဖြစ်တဲ့အတွက် လည်း အကျွမ်းတ၀င် မရှိသေးတဲ့ အခြေအနေကြောင့် ရလဒ်တွေ တမျိုးတဖုံ ထွက်ပေါ် လာနိုင်ပါတယ်။ သမ္မတရွေးကောက်ပွဲတွေ နောက်ဆုံးအကြိမ် ကျင်းပခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ တုန်းကလည်း မဲဆန္ဒရှင်အဖြစ် စာရင်းသွင်းထားတဲ့ ရီပတ်ဘလစ်ကန်ပါတီဝင်တွေထဲက ၁.၉ ရာခိုင်နှုန်းသာ မဲပေးခဲ့ ကြတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG