သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တခွင် ဒေသခံရွေးကောက်ပွဲတွေ ကျင်းပ


အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့တော်ဝန် ရွေးကောက်ပွဲတွေကို အင်္ဂါနေ့က ကျင်းပခဲ့ပါတယ်။ နိုင်ငံအရှေ့ခြမ်းက New Jersey နဲ့ Virginia ပြည်နယ်တွေမှာ ပြည်နယ်အုပ်ချုပ်ရေးမှူးသစ်ကို
ရွေးချယ်နေပြီး၊ နိုင်ငံရေးအရ သြဇာညောင်းတဲ့ New York၊ Atlanta၊ Boston၊ Detroit၊ Houston နဲ့ Miami မြို့တွေမှာတော့ မြို့တော်ဝန် ရွေးကောက်ပွဲတွေ ကျင်းပနေပါတယ်။

ရှေ့နှစ်ကျရင် အောက်လွှတ်တော်က အမတ်နေရာ ၄၃၅ နေရာလုံးနဲ့ အထက်လွှတ်တော်က လွှတ်တော်အမတ်နေရာ ၁၀၀ ရဲ့ ၃ ပုံ ၁ ပုံအတွက် လွှတ်တော် ရွေးကောက်ပွဲတွေ လုပ်ဖို့ ရှိနေချိန်မှာ ဘယ်သူတွေ အနိုင်ရနိုင်မလဲဆိုတာကို အင်္ဂါနေ့ ရွေးကောက်ပွဲရလဒ်ကို ကြည့်ပြီး နိုင်ငံရေး အကဲခတ်တွေက သုံးသပ် ခန့်မှန်းနေကြပါတယ်။

အင်္ဂါနေ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြသူတွေက တနိုင်ငံလုံးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေထက် ဒေသတွင်းက ကိစ္စတွေကို ပိုပြီး အသားပေး မဲဆွယ် စည်းရုံးကြတာဖြစ်လို့ ဒီကိစ္စတွေက ရှေ့နှစ် လွှတ်တော်ရွေးကောက်ပွဲအထိကို လွှမ်းမိုးမှု ရှိနိုင်တယ်လို့ နိုင်ငံရေးဗျူဟာ ချသူတွေက ပြောပါတယ်။
XS
SM
MD
LG