သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

တရုတ်နိုင်ငံ ကန်သံရုံးရှေ့ အသေးစားပေါက်ကွဲမှုဖြစ်


တရုတ်နိုင်ငံ ကန်သံရုံးရှေ့ အသေးစားပေါက်ကွဲမှုဖြစ်

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်က အမေရိကန်သံရုံး အပြင်ဘက်မှာ ဒီကနေ့ လက်လုပ်ဗုံးတလုံး ပေါက်ကွဲရာက ဗုံးသယ်လာတဲ့ အမျိုးသား ထိခိုက်ဒဏ်ရာ ရရှိသွားပါတယ်။ ဗုံးဖောက်ခွဲသူဟာ တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားဒေသက အသက် ၂၆ နှစ်အရွယ် အမျိုးသားတဦး ဖြစ်ကြောင်းလည်း ဘေဂျင်းမြို့တော် ရဲတပ်ဖွဲ့က အတည်ပြုခဲ့တာပါ။

မီးရှုးမီးပန်းလုပ်တဲ့ယမ်းနဲ့ ပြုလုပ်ထားတဲ့ဗုံး ပေါက်ကွဲမှုကြောင့် ဖောက်ခွဲသူရဲ့လက်မှာ ဒဏ်ရာရရှိသွားပါတယ်။ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူတွေ လူတွေ့မေးမြန်းခံဖို့ သံရုံးမှာ တန်းစီစောင့်နေတဲ့ နေရာအနီးမှာပဲ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူမှုကွန်ယက်တွေမှာ ထွက်ပေါ်လာတဲ့ ပုံတွေထဲမှာတော့ ဘေဂျင်းမြို့တော်က အမေရိကန်သံရုံး အပြင်ဘက်မှာ မိုးခိုးလုံးတွေနဲ့ ဖုံးလွှမ်းနေတာကို တွေ့ခဲ့ရပါတယ်။ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ အမေရိကန်သံရုံးရှိရာ ရပ်ကွက်မှာတော့ အစ္စရေးလ်နဲ့ အိန္ဒိယသံရုံးတွေ အပါအ၀င် နိုင်ငံတကာ သံတမန်ရုံးတွေ အများအပြားလည်း ရှိနေပါတယ်။

ကိုယ့်ဖာသာ ဓာတ်ဆီလောင်းပြီး အဆုံးစီရင်ဖို့ ကြိုးစားတယ်လို့ မသင်္ကာသူ အမျိုးသမီးတဦးကိုလည်း အမေရိကန်သံရုံး အနီးမှာပဲ ဖမ်းဆီးလိုက်ကြောင်း တရုတ်အစိုးရပိုင် Global Times သတင်းစာကလည်း ဒီကနေ့အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG