သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာေရာက္ ကန္ႏိုင္ငံသားေတြ ဒီဇင္ဘာ ၁၀ ရက္ေန႔ အျပင္မထြက္ဖို႔ သံ႐ုံးသတိေပးခ်က္ထုတ္


ေဖေဖၚဝါရီလ စစ္အာဏာသိမ္းၿပီး ၂ လအၾကာ မတ္လ ၂၄ မွာ အသံတိတ္သပိတ္ဆင္ႏြဲစဥ္ ရန္ကုန္ၿမိဳ႕ျမင္ကြင္း။

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာရွိေနၾကတဲ့ အေမရိကန္ႏိုင္ငံသားေတြအေနနဲ႔ မနက္ျဖန္ ဒီဇင္ဘာ ၁၀ ရက္ေန႔မွာ ေနအိမ္ကေန အျပင္မထြက္ၾကဖို႔ ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အေမရိကန္သံ႐ုံးက သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။ မနက္ျဖန္ ေသာၾကာေန႔မွာ တႏိုင္ ငံလုံးအတိုင္းအတာနဲ႔ အသံတိတ္ ၿငိမ္သက္ျခင္းသပိတ္ ဆင္ႏြဲၾကဖို႔ တက္ႂကြလႈပ္ ရွားသူေတြက ေဆာ္ၾသထားတာေၾကာင့္ အေမရိကန္သံ႐ုံးက အခုလို သတိေပးခ်က္ ထုတ္ျပန္လိုက္တာပါ။

သံ႐ုံးအေနနဲ႔ တိက်တဲ့ ၿခိမ္းေျခာက္မႈတစုံတရာကို သိရွိထားျခင္းမရွိေပမယ့္ အထူးသတိထားသင့္တဲ့အေျခအေနေၾကာင့္ အခုလို ႀကိဳတင္သတိေပးခ်က္ ထုတ္ျပန္ရျခင္းျဖစ္ေၾကာင္း၊ အဲဒီကာလအတြင္း ဆႏၵျပပြဲသူေတြကို လုံျခံဳေရးတပ္ဖြဲ႔ေတြဘက္ က ၿဖိဳခြဲမႈေတြ ရွိႏိုင္တဲ့အတြက္ အေမရိကန္ႏိုင္ငံသားေတြအေနနဲ႔ ကိုယ့္အိမ္မွာပဲ ေနၾကဖို႔ တိုက္တြန္းလိုပါေၾကာင္း အေမရိကန္သံ႐ုံးေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံအတြင္း မၾကာေသးခင္ကာလေတြက ျဖစ္ေပၚခဲ့တဲ့ အေျခအေနေတြအရ ရန္ကုန္ၿမိဳ႕နဲ႔ အနီးဝန္းက်င္ေဒသေတြမွာ တင္းမာမႈေတြ ျဖစ္ေပၚလာႏိုင္တယ္ လို႔ သံ႐ုံးအေနနဲ႔ အၾကံျပဳလိုေၾကာင္း၊ မၾကာေသးခင္ ရက္ပိုင္းအတြင္းက ရန္ကုန္ၿမိဳ႕အတြင္း ေပါက္ကြဲမႈေတြ ျဖစ္ေပၚခဲ့တာေတြက အေမရိကန္ႏိုင္ငံသားေတြအတြက္ အထူး စိုးရိမ္စရာရွိေၾကာင္း၊ အဲဒီလို တိုက္ခိုက္မႈေတြဟာလည္း ပိုမိုျပင္းထန္ၿပီး အႀကိမ္ေရ ပိုမ်ားလာႏိုင္ေျခရွိေၾကာင္း အေမရိကန္သံ႐ုံးေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အလားတူပဲ ျမန္မာႏိုင္ငံထဲမွာ လက္ရွိျဖစ္ေပၚေနတဲ့ လုံျခံဳေရးအရ စိုးရိမ္စရာရွိတဲ့ တျခား အေျခအေနေတြကိုလည္း အေမရိကန္သံ႐ုံးရဲ႕ ေၾကညာခ်က္ထဲမွာ ထည့္သြင္း ေဖာ္ျပထားၿပီး အေမရိကန္ႏိုင္ငံသားေတြအေနနဲ႔ လိုအပ္မယ့္ အေရးေပၚ အစား အေသာက္ေတြကို လုံေလာက္စြာ သိုေလွာင္ထားၾကဖို႔ကိုလည္း အၾကံျပဳထားပါတယ္။

ဒါ့အျပင္ အေရးေပၚအေျခအေနမွာ ဆက္သြယ္ေရးအေျခအေနေတြ အကန္႔ အသတ္နဲ႔ ရရွိမယ့္အေျခအေနမ်ဳိးနဲ႔ ၾကံဳလာရႏိုင္တာေၾကာင့္ အဲဒီအတြက္လည္း ႀကိဳတင္ ျပင္ဆင္ထားၾကဖို႔ သတိေပးခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံအပါအဝင္ ကမၻာတဝန္းက ႏိုင္ငံအသီးသီးမွာ ေရာက္ေနၾကတဲ့ အေမရိကန္ႏိုင္ငံသားေတြအေနနဲ႔ အေရးေပၚအေျခေနေတြ ျဖစ္ေပၚခဲ့ရင္ အထူး သတိထားေနထိုင္ၾကဖို႔ အခုလို သတိေပးခ်က္ေတြ အေမရိကန္ႏိုင္ငံျခားေရးဌာနက မၾကာခန ထုတ္ျပန္ေလ့ ရွိပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

===========

{{Unicode}}

မြန်မာရောက် ကန်နိုင်ငံသားတွေ ဒီဇင်ဘာ ၁၀ ရက်နေ့ အပြင်မထွက်ဖို့ သံရုံးသတိပေးချက်ထုတ်

မြန်မာနိုင်ငံမှာရှိနေကြတဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ မနက်ဖြန် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ နေအိမ်ကနေ အပြင်မထွက်ကြဖို့ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ မနက်ဖြန် သောကြာနေ့မှာ တနိုင် ငံလုံးအတိုင်းအတာနဲ့ အသံတိတ် ငြိမ်သက်ခြင်းသပိတ် ဆင်နွဲကြဖို့ တက်ကြွလှုပ် ရှားသူတွေက ဆော်သြထားတာကြောင့် အမေရိကန်သံရုံးက အခုလို သတိပေးချက် ထုတ်ပြန်လိုက်တာပါ။

သံရုံးအနေနဲ့ တိကျတဲ့ ခြိမ်းခြောက်မှုတစုံတရာကို သိရှိထားခြင်းမရှိပေမယ့် အထူးသတိထားသင့်တဲ့အခြေအနေကြောင့် အခုလို ကြိုတင်သတိပေးချက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း၊ အဲဒီကာလအတွင်း ဆန္ဒပြပွဲသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေဘက် က ဖြိုခွဲမှုတွေ ရှိနိုင်တဲ့အတွက် အမေရိကန်နိုင်ငံသားတွေအနေနဲ့ ကိုယ့်အိမ်မှာပဲ နေကြဖို့ တိုက်တွန်းလိုပါကြောင်း အမေရိကန်သံရုံးကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း မကြာသေးခင်ကာလတွေက ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေအရ ရန်ကုန်မြို့နဲ့ အနီးဝန်းကျင်ဒေသတွေမှာ တင်းမာမှုတွေ ဖြစ်ပေါ်လာနိုင်တယ် လို့ သံရုံးအနေနဲ့ အကြံပြုလိုကြောင်း၊ မကြာသေးခင် ရက်ပိုင်းအတွင်းက ရန်ကုန်မြို့အတွင်း ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တာတွေက အမေရိကန်နိုင်ငံသားတွေအတွက် အထူး စိုးရိမ်စရာရှိကြောင်း၊ အဲဒီလို တိုက်ခိုက်မှုတွေဟာလည်း ပိုမိုပြင်းထန်ပြီး အကြိမ်ရေ ပိုများလာနိုင်ခြေရှိကြောင်း အမေရိကန်သံရုံးကြေညာချက်မှာ ဖော်ပြထားပါတယ်။

အလားတူပဲ မြန်မာနိုင်ငံထဲမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လုံခြုံရေးအရ စိုးရိမ်စရာရှိတဲ့ တခြား အခြေအနေတွေကိုလည်း အမေရိကန်သံရုံးရဲ့ ကြေညာချက်ထဲမှာ ထည့်သွင်း ဖော်ပြထားပြီး အမေရိကန်နိုင်ငံသားတွေအနေနဲ့ လိုအပ်မယ့် အရေးပေါ် အစား အသောက်တွေကို လုံလောက်စွာ သိုလှောင်ထားကြဖို့ကိုလည်း အကြံပြုထားပါတယ်။

ဒါ့အပြင် အရေးပေါ်အခြေအနေမှာ ဆက်သွယ်ရေးအခြေအနေတွေ အကန့် အသတ်နဲ့ ရရှိမယ့်အခြေအနေမျိုးနဲ့ ကြုံလာရနိုင်တာကြောင့် အဲဒီအတွက်လည်း ကြိုတင် ပြင်ဆင်ထားကြဖို့ သတိပေးချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းက နိုင်ငံအသီးသီးမှာ ရောက်နေကြတဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ အရေးပေါ်အခြေနေတွေ ဖြစ်ပေါ်ခဲ့ရင် အထူး သတိထားနေထိုင်ကြဖို့ အခုလို သတိပေးချက်တွေ အမေရိကန်နိုင်ငံခြားရေးဌာနက မကြာခန ထုတ်ပြန်လေ့ ရှိပါတယ် ခင်ဗျာ။

#ရန်ကုန်အမေရိကန်သံရုံး #ငြိမ်သက်ခြင်းသပိတ် #SilentStrike #ဗွီအိုအေမြန်မာပိုင်း #ဒီဇင်ဘာ၁၀ရက်

===========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG