သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ရာသီဥတုဆိုင်ရာ သံတမန် တရုတ်နိုင်ငံရောက်ရှိ


FILE - US Special Presidential Envoy for Climate John Kerry speaks during an interview with The Associated Press at the US Consulate General after the G-7 ministers' meeting on climate, energy and environment in Sapporo, Japan, April 16, 2023.
FILE - US Special Presidential Envoy for Climate John Kerry speaks during an interview with The Associated Press at the US Consulate General after the G-7 ministers' meeting on climate, energy and environment in Sapporo, Japan, April 16, 2023.

ကမ္ဘာပေါ်က ကာဗွန်ဓါတ်ငွေ ထုတ်လွှတ်မှုအများဆုံး ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ရပ်ဆိုင်းနေတဲ့ ဆွေးနွေးမှုတွေကို ပြန်လည်စတင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာ သံတမန် John Kerry တရုတ်နိုင်ငံကို ဒီနေ့ ရောက်ရှိလာတယ်လို့ တရုတ်အစိုးရပိုင်မီဒီယာက ပြောလိုက်ပါတယ်။

ရာသီဥတုဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်နိုင်ငံကြား အမြင်တွေကို ကျယ်ကျယ်ဆွေးနွေးဖလှယ်သွားမှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် CCTV ရုပ်သံလိုင်းက ပြောပါတယ်။ အမေရိကန်အပါအဝင် နိုင်ငံတချို့မှာ ဒီနှစ်နွေရာသီကာလအတွင်း အပူချိန်တွေ စံချိန်တင်လောက်အောင် မြင့်တက်ခဲ့ပြီးတဲ့နောက်မှာပဲ၊ မစ္စတာကယ်ရီရဲ့ တရုတ်နိုင်ငံခရီးစဉ် ဖြစ်ပေါ်လာခဲ့ပြီး ၂ နိုင်ငံ ဆွေးနွေးမှုတွေကို ပြန်လည်လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

မနှစ်က အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ်နဲ့ ရှိနေတဲ့ Nancy Pelosi ထိုင်ဝမ်ကို သွားခဲ့ပြီးတဲ့နောက် တရုတ်နိုင်ငံဘက်က ဒေါသထွက်ပြီး အမေရိကန်နဲ့ တရုတ်နိုင်ငံကြားက ရာသီဥတုဆိုင်ရာ ဆွေးနွေးမှုတွေ မနှစ်ကတည်းက ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ တရုတ်ကြားဆက်ဆံရေးမှာ ကိစ္စရပ်အတော်များများနဲ့ ပတ်သက်ပြီး အဖုအထစ်တွေ ရှိနေပေမယ့်၊ မစ္စတာကယ်ရီနဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေးကတော့ အတန်အသင့် ကောင်းမွန်မှုရှိတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

မစ္စတာကယ်ရီရဲ့ အခုခရီးစဉ်ဟာ အမေရိကန်ရဲ့ ရာသီဥတုဆိုင်ရာသံတမန်အဖြစ်နဲ့ တတိယမြောက်ခရီးစဉ်ဖြစ်တဲ့အပြင်၊ အမေရိကန်နဲ့ တရုတ်ကြား ၂ နိုင်ငံဆက်ဆံရေး တည်ငြိမ်မှုရှိဖို့ လုပ်ဆောင်တဲ့အနေနဲ့ အမေရိကန် ထိပ်တန်းသံတမန် ၂ ဦးဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် နဲ့ ဘဏ္ဍာရေးဝန်ကြီး Janet Yellen တို့ပြီးတဲ့နောက် တတိယမြောက်သွားတဲ့ သံတမန်လည်း ဖြစ်ပါတယ်။

XS
SM
MD
LG