သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အထူးကိုယ်စားလှယ် မြန်မာ့အရေးဆွေးနွေးဖို့ ၁၅ ရက်ခရီးစတင်


Bradley Johnson of the United States performs with his dough during the freestyle event, part of the Pizza World Championships, in Parma, northern Italy.
Bradley Johnson of the United States performs with his dough during the freestyle event, part of the Pizza World Championships, in Parma, northern Italy.
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒရေးရာ အထူး ညှိနှိုင်းဆောင်ရွက်ရေးမှူး W. Patrick Murphy ဟာ မြန်မာနိုင်ငံအရေးကိစ္စတွေ ညှိနှိုင်း ဆောင်ရွက်ဖို့အတွက် ဒီဇင်ဘာ ၅ ရက်ကနေ ၂၀ ရက်နေ့အကြား မြန်မာနိုင်ငံအပါအဝင် အာရှနဲ့ ဥရောပနိုင်ငံတွေကို သွားရောက်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာအစိုးရအရာရှိတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံမှာဖြစ်တဲ့အပြင် ရန်ကုန်မြို့မှာ MTV က ဦးဆောင် ပြုလုပ်မယ့် လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး ဂီတဖျော်ဖြေပွဲကိုလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derak Mitchell နဲ့အတူ တက်ရောက်မှာ ဖြစ်ပါတယ်။ ဒီအကြောင်းအပါအဝင် MTV အဖွဲ့က အာရှတိုက်အတွင်း လူမှောင်ခိုကူးမှုတိုက်ဖျက်ရေး လုပ်ဆောင်နေတဲ့ အခြေအနေတွေကို ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးပါမယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒရေးရာ အထူးညှိနှိုင်းဆောင်ရွက်ရေးမှူး W. Patrick Murphy ဟာ နိုင်ငံတကာက မဟာမိတ်တွေနဲ့ မြန်မာနိုင်ငံအရေးကိစ္စတွေ ညှိနှိုင်း ဆောင်ရွက်ဖို့အတွက် အမေရိကန်စံတော်ချိန် ဒီဇင်ဘာလ ၅ ရက်နေ့က စတင် ထွက်ခွာမယ့်အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြန်ကြားရေးအရာရှိတဦးဖြစ်သူ Maren Payne-Holmes က ဗွီအိုအေ မြန်မာပိုင်းကို ပြောပြပါတယ်။

“မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒရေးရာ အထူး ညှိနှိုင်းဆောင်ရွက်ရေးမှူး W. Patrick Murphy ဟာ နိုင်ငံတကာက မဟာမိတ်တွေနဲ့ မြန်မာနိုင်ငံအရေးကိစ္စ ဆွေးနွေး ညှိနှိုင်းဖို့အတွက် ဘရပ်ဆဲလ်၊ လန်ဒန်၊ နယူးဒေလီ၊ ရန်ကုန်နဲ့ ဘေဂျင်းမြို့တွေကို သွားမှာဖြစ်ပါတယ်။”

သူ့အနေနဲ့ ဘရပ်ဆဲလ်မြို့မှာ ဒီဇင်ဘာ ၆ ရက်ကနေ ၇ ရက်အထိ၊ လန်ဒန်မြို့မှာ ၇ ရက်ကနေ ၈ ရက်အထိ၊ နယူးဒေလီမြို့မှာ ၉ ရက်ကနေ ၁၂ ရက်အထိနဲ့ ဘေဂျင်းမြို့မှာ ၁၉ ရက်ကနေ ၂၀ ရက်အထိ သွားရောက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုတော့ ဒီဇင်ဘာ ၁၂ ရက်ကနေ့ ၁၈ ရက်နေ့အထိ သွားရောက်ပြီး မြန်မာအရာရှိတွေ နဲ့ တွေ့ဆုံမှာဖြစ်တဲ့အကြောင်း Maren Payne-Holmes က ဆက်ပြောပြပါတယ်။

“မူဝါဒရေးရာ အထူးညှိနှိုင်းဆောင်ရွက်ရေးမှူးအနေနဲ့ မြန်မာနိုင်ငံကို ဒီဇင်ဘာ ၁၂ ရက်ကနေ ၁၈ ရက်နေ့အထိ သွားရောက် လည်ပတ်ပြီး မြန်မာအစိုးရအရာရှိတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေ အပြင် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ရန်ကုန်၊ နေပြည်တော်တို့မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ရန်ကုန်မြို့မှာ ဒီဇင်ဘာ ၁၆ ရက်နေ့ကျရင် MTV အဖွဲ့က ဦးဆောင် ကျင်းပမယ့် လူမှောင်ခိုကူးမှု အဆုံးသတ်ရေး ဂီတဖျော်ဖြေပွဲကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell နဲ့အတူ တက်ရောက်မှာ ဖြစ်ပါတယ်။”

အမေရိကန်နိုင်ငံ အခြေစိုက် MTV က ဦးဆောင်ပြုလုပ်တဲ့ EXIT လို့ခေါ်တဲ့ လူမှောင်ခိုကူးမှု အဆုံးသတ်ရေး ဂီတဖျော်ဖြေပွဲကိုတော့ အမေရိကန်နိုင်ငံက ကမ္ဘာကျော်အဆိုတော် Jason Mraz က ရန်ကုန်ပြည်သူ့ရင်ပြင်မှာ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ သီဆို ဖျော်ဖြေမှာ ဖြစ်ပါတယ်။

ကမ္ဘာတဝှမ်း လူငယ်တွေအကြိုက်များတဲ့ MTV ဂီတရုပ်မြင်သံကြားအဖွဲ့ဟာ မြန်မာနိုင်ငံနည်းတူ လူမှောင်ခိုကူးမှု အသိပညာရေးလုပ်ငန်းတွေကို အရှေ့တောင်အာရှနိုင်ငံတွေက လူငယ်တွေ အကြားမှာ လိုက်လံ လုပ်ဆောင်နေတာပါ။ သူတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဒီ အသိပညာရေး Campaign အတွက် Facebook, Twitter နဲ့ တခြား အင်တာနက် လူမှုကွန်ယက် အဖွဲ့အစည်းတွေကို အသုံးပြုပြီး လူငယ်တွေအကြား လူမှောင်ခိုကူးမှုဆိုင်တဲ့ အသိပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်နေတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ အရှေ့တောင်အာရှနိုင်ငံတွေက လူငယ် ၂၅ ယောက်ဟာ အင်တာနက်ပေါ်က မဟုတ်တဲ့ ပြင်ပက သူတို့ရဲ့ လှုပ်ရှားမှုတွေကို အွန်လိုင်းပေါ်မှာ လူအများ အပြား သိရှိလာအောင် ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတဲ့ သတင်တန်း တက်ခဲ့ကြပါတယ်။

လူမှောင်ခိုကူးမှုဟာ အရှေ့တောင်အာရှတိုက်အတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတာပါ။ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံစလုံးမှာ လူမှောင်ခိုကူးမှုတွေ ဖြစ်ပွားနေသလို ဒီဒေသကိုဖြတ်ပြီး တခြား ဒေသတွေက လူမှောင်ခိုကူးနေကြတာဖြစ်ပါတယ်။ ကမ္ဘာတလွှား လူမှောင်ခို ကုန်ကူးခံရတဲ့ သူပေါင်း ၂၂ သန်းရှိတဲ့အထဲ ထက်ဝက်လောက်ဟာ အာရှတိုက်က ဖြတ်သွားကြတာလို့ ဆိုပါတယ်။

ဒါကြောင့်လည်း လူမှောင်ခိုကူးတွေကို လိုက်လံဖမ်းဆီး အရေးယူနိုင်မယ့် တရား ဥပဒေ စံနစ် မျိုး ပြုပြင် လုပ်ဆောင်ကြဖို့ အာဆီယံအရာရှိတွေက တိုင်းပြည် အသီးသီးကို တိုက်တွန်းနေ တာ ဖြစ်ပါတယ်။ ဒါပေမယ့် လူထုအကြား ပညာပေးလုပ်ငန်းတွေ ဒီထက်ပို လုပ်ဆောင်ဖို့ လိုအပ်တဲ့ အကြောင်းနဲ့ လူမှုကွန်ယက် မီဒီယာတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချဖို့ လိုအပ်တယ်ဆိုတာကို အာဆီယံအရာရှိတွေ သဘောပေါက်ကြပါတယ်။

ဒေါ်ခိုင်မြတ်ချစ်ဟာ အာဆီယံအဖွဲ့ရဲ့ လုံခြုံရေးဆိုင်ရာ အဆင့်မြင့် အရာရှိတဦးပါ။

“လူမှောင်ခိုကူးတဲ့လုပ်ငန်းက အမြတ်အစွန်းများပြီး အရင်းအနှီးနည်းတဲ့ လုပ်ငန်းဆိုတော့ မှောင်ခို ကူးတဲ့အရေအတွက်က ကျမသွားဘူးလေ။ ဒါကြောင့်လည်း ကျမတို့အနေနဲ့ လူငယ်တွေနဲ့ လူထု အကြား အသိပညာတွေ တိုးပွားလာအောင် အာရုံစိုက် လုပ်ဆောင်နေတာပါ။”

အွန်လိုင်းပေါ်က လူမှုကွန်ယက် အင်တာနက်ဝက်ဘ်ဆိုက်တွေကို အသုံးပြုပြီး လူထုအသိပေး လုပ်ငန်းတွေ လုပ်ဆောင်နေတာက ပြင်ပကမ္ဘာမှာ ဘယ်လောက်ထိ ထိရောက်မှုရှိမလဲဆိုတာတော့ သိနိုင်ဖို့ ခဲယဉ်းပါသေးတယ်။ ဒါပေမယ့် MTV ရဲ့ EXIT campaign မှာ ပါဝင်လုပ်ဆောင်နေကြတဲ့ လူငယ် ကိုယ်စားလှယ်တွေကတော့ ဒါဟာ မှန်ကန်တဲ့ဘက်ကို ဦးတည်နေတဲ့ လမ်းကြောင်း ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်ခင်ဗျား။
XS
SM
MD
LG