သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သွင်းကုန်တွေအပေါ် ဥရောပ အခွန်တိုးကောက်


US Premium Jeans
US Premium Jeans

အမေရိကန်ပြည်ထောင်စုကနေ ဥရောပကိုတင်သွင်းတဲ့ ဂျင်းအဝတ်အထည်တွေ၊ အရက် နဲ့ မော်တော်ဆိုင်ကယ်တွေ အပါအဝင် ဒေါ်လာ ဘီလျံနဲ့ချီ တန်ဖိုးရှိတဲ့ အမေရိကန် ထုတ် ကုန်ပစ္စည်းတွေအပေါ် အီးယူ ဥရောပသမဂ္ဂက ဒီကနေ့ သောကြာနေ့ကစလို့ အခွန် စည်းမျဉ်း သစ်တွေ ချမှတ်လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုထဲ ကမ္ဘာတဝှမ်းကနေ တင်သွင်းလာတဲ့ သံမဏိနဲ့ အလူမီနီယံ သတ္တုတွေအပေါ် အမေရိကန်သမ္မတ Donald Trump အခွန် တိုးမြှင့် စည်းကျပ်တဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် တုံ့ပြန်တဲ့အနေနဲ့ အီးယူက အခုလို လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ တရုတ်သွင်းကုန်ပစ္စည်းတွေအပေါ်မှာလည်း လာမယ့် သီတင်းနှစ်ပတ် အတွင်း ဒေါ်လာ ၃၀ ဘီလျံကျော် အခွန် တိုးမြှင့် စည်းကျပ်ဖို့ စီစဉ်ထား တာပါ။ ဒီအပေါ်မှာ တရုတ်ကလည်း အမေရိကန်ကို ချက်ချင်း လက်တုံ့ပြန်မယ်ဆိုပြီး ကတိပေး ပြောထားသလို၊ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံကြီးနှစ်ခုအကြား တင်းမာမှုတွေ တိုးလာနေတာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တူရကီနိုင်ငံကလည်း သူ့ရဲ့ သံမဏိနဲ့ အလူမီနီယံ သွင်းကုန်တွေအပေါ် အမေရိကန်က အခွန်တိုး စည်းကျပ်တာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ထုတ် ကုန်ပစ္စည်း ဒေါ်လာ ၁.၈ ဘီလျံအပေါ် အခွန် စည်းကျပ်မယ်လို့ ကြေညာထားပါတယ်။

တူရကီရဲ့ အခွန်သစ် စည်းကျပ်မှုဟာ အမေရိကန်မော်တော်ကား၊ ကျောက်မီးသွေး၊ စက္ကူ၊ ဆန် နဲ့ ဆေးရွက်ကြီး ထုတ်ကုန်တွေအပေါ် အခွန် ဒေါ်လာ တန်ဖိုး ၁၆၆.၅ သန်းအထိ ရှိလိမ့်မယ်လို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO က ပြောပါတယ်။ အလားတူ အိန္ဒိယနိုင်ငံကလည်း သူ့ရဲ့ သံမဏိနဲ့ အလူမီနီယံ ပို့ကုန်တွေကို အမေရိကန်က အခွန် တိုးမြှင့် စည်းကျပ်တာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ထုတ်ကုန်ပစ္စည်း ၂၉ ခုအပေါ်မှာ ဒေါ်လာ သန်း ၂၄၀ တန်ဖိုး အခွန်းစည်းကျပ်သွားမယ့်အကြောင်း ကြာသပတေးနေ့က ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG