သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင် အမေရိကန် သံရုံးဝန်ထမ်းများ လုံခြုံရေးအရ ရုပ်သိမ်း


ယီမင် အမေရိကန်သံရုံးအနီး စစ်ဆေးရေးဂိတ်မှာ ကားတိုင်းကို စစ်ဆေးရှာဖွေနေစဉ် (၆ သြဂုတ်လ ၂၀၁၃)
ယီမင် အမေရိကန်သံရုံးအနီး စစ်ဆေးရေးဂိတ်မှာ ကားတိုင်းကို စစ်ဆေးရှာဖွေနေစဉ် (၆ သြဂုတ်လ ၂၀၁၃)
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အကြမ်းဖက်သမားတွေရဲ့ သတိပေး ခြိမ်းခြောက်ထားမှုကြောင့် ယီမင်မှာရှိတဲ့ အမေရိကန်သံရုံးက ဝန်ထမ်းတွေကို ကယ်ဆယ်ပြောင်းရွှေ့ဖို့ ညွှန်ကြားထားပါတယ်။ al-Qaida အကြမ်းဖက်သမား
တွေရဲ့ ဆက်သွယ်မှုလမ်းကြောင်းတွေကို အမေရိကန်ဘက်က ခြေရာခံလိုက်နိုင် အပြီး အခုလို သတိပေးချက် ထွက်လာခဲ့ပြီးတဲ့နောက် ရက်သိပ်မကြာခင်မှာပဲ အမေရိကန်သံရုံးနဲ့ ကောင်စစ် ဝန်ရုံးတွေကို ပိတ်ပစ်ခဲ့တာဖြစ်ပါတယ်။

ယီမင်နိုင်ငံအတွင်း အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်လာနိုင်မှုနဲ့ ဆူပူအုံကြွနိုင်တဲ့ အခြေအနေတွေ ရှိနေတာကြောင့် မရှိမဖြစ် လိုအပ်တဲ့ အမှုထမ်းတွေကလွဲရင် ကျန် အမှုထမ်းတွေနဲ့ အမေရိကန် နိုင်ငံသားတွေ ယီမင်နိုင်ငံကနေ ထွက်ခွာဖို့ အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါ တယ်။

လုံခြုံရေးအခြေအနေကြောင့် သူ့နိုင်ငံက သံရုံးအမှုထမ်းတွေကိုလည်း ဗြိတိန်နိုင်ငံက ယာယီ ပြန်လည် ခေါ်ယူထားပါတယ်။ ဒီအတောအတွင်း Marib ပြည်နယ်အတွင်း အမေရိကန် မောင်းသူမဲ့ အဝေးထိန်းလေယာဉ်က al-Qaida ခေါင်းဆောင် ၄ ယောက်ကို ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့ တယ်ဆိုပြီး ယေမင်နီလုံခြုံရေး အရာရှိတွေက ပြောပါတယ်။

ခေါင်းဆောင်တစ်ဦးဖြစ်သူ Ayman al-Zawahri နဲ့ ယီမင်နိုင်ငံ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်အကြား ဆက်သွယ်မှုကို အမေရိကန် က သိရှိပြီးတဲ့နောက် အခုလို သံရုံးတွေ ပိတ်ဖို့ ညွှန်ကြားတာဖြစ်တယ်လို့ အမေရိကန်မီဒီယာတွေမှာ အစောပိုင်းက ဖော်ပြခဲ့ပါတယ်။ ဒီအစီရင်ခံစာထဲမှာ al-Zawahri ဟာ အာရပ်ကျွန်းဆွယ်မှာ အခြေစိုက်တဲ့ al-Qaida ခေါင်းဆောင် Nasir al-Wuhashi ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကို အစောဆုံးထားပြီး တိုက်ခိုက်မှုတွေ လုပ်ဖို့ ညွှန်ကြားခဲ့တယ်ဆိုပြီး ဖော်ပြထားပါတယ်။

al-Wuhashi ကို al-Zawahri က အဖွဲ့ရဲ့ ဒုတိယတန်းအဆင့် ခေါင်းဆောင် တယောက်အဖြစ်နဲ့ ရာထူးတိုးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။ အခုလို ဒေသတွင်းက အဖွဲ့ခွဲတွေကို ညွှန်ကြားခဲ့တာတွေဟာ မအောင်မြင်ခဲ့တဲ့အတွက် ဒါဟာ ဒီအဖွဲ့တွေ အားနည်းလာတာကို ညွှန်ပြနေတာဖြစ်တယ်ဆိုပြီး သုံးသပ်သူတွေ က ထောက်ပြခဲ့ပါတယ်။

တနင်္လာနေ့ကတော့ ပိတ်ထားခဲ့တဲ့ သံရုံးတွေထဲက တချို့ကို ပြန်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီအထဲမှာ Kabul, Baghdad, Algiers, Dhaka သံရုံးတွေလည်း ပါဝင်ပါတယ်။ Abu Dhabi, Amman, Cairo, Dubai, Riyadh နဲ့ Tripoli အပါအဝင် သံရုံးပေါင်း ၁၉ ရုံးကိုတော့ ဆက်ပိတ်ထားဦးမှာဖြစ်ပါ တယ်။

ပိုပြီး သတိထားဆောင်ရွက်တဲ့အနေနဲ့ သံရုံးပေါင်း ၁၉ ရုံးကို ပိတ်ထားဦးမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆို ပါတယ်။ ပြောခွင့်ရပုဂ္ဂိုလ် Marie Harf ကတော့ လုံခြုံရေးဆိုင်ရာ လိုအပ်မှုတွေကို အကဲဖြတ်နိုင်ဖို့ ထောက်လှမ်းရေး အချက်အလက်တွေကို တာဝန်ရှိသူတွေအနေနဲ့ အမြဲမပြတ် စောင့်ကြည့်နေပါတယ်ဆိုပြီး ပြောဆို ခဲ့ပါတယ်။
XS
SM
MD
LG