သုံးရလွယ်ကူစေသည့် Link များ

အမေရိကန် ဓာတ်ပုံ သတင်းထောက်တယောက်ကို ISIL အစ္စလာမ်မစ် စစ်သွေးကြွတွေက သတ်ဖြတ်နေတဲ့ ဗွီဒီယိုဟာ အစစ်အမှန် ဟုတ်မဟုတ် အတည်ပြုနိုင်ဖို့ ကြိုးစားနေတယ်လို့ အမေရိကန် အိုဘားမားအစိုးရက ပြောပါတယ်။ အီရတ်မှာ အမေရိကန်က ဝင်ရောက် စွက်ဖက်နေတာတွေရပ်ဖို့ လုပ်ဆောင်တာလို့ ဆိုပြီး သတင်းထောက် James Wright Foley ကို ခေါင်းဖြတ်သတ်နေတဲ့ ဗွီဒီယို ကို စစ်သွေးကြွတွေကနေ အင်္ဂါနေ့က ထုတ်ပြန်ခဲ့တာပါ။

Foley ဟာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ဆီးရီးယား ပြည်တွင်းစစ်အကြောင်း သတင်းလိုက်ယူနေရင်း ပျောက်သွားခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ သူအခု ခေါင်းဖြတ်ခံရတယ် ဆိုတာသာ စစ်မှန်တယ်ဆိုရင် အပြစ်မဲ့ အမေရိကန် သတင်းထောက်ကို ရက်စက်စွာ သတ်ဖြတ်မှု အတွက် အင်မတန် မယုံနိုင်အောင် ဖြစ်ရပြီး သူ့ရဲ့မိသားစုတွေနဲ့ မိတ်ဆွေတွေအတွက် အထူး ၀မ်းနည်းရပါတယ်လို့ အိမ်ဖြုတော် အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရသူ Caitlin Hayden က ပြောကြားခဲ့ပါတယ်။

James Foley ရဲ့ မိခင်ဖြစ်သူ Diane ကလည်း ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေကို အန္တာရာယ်မပြုဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ အီရတ်နဲ့ ဆီးရီးယား နိုင်ငံတွင်းက အမေရိကန်အစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ အပြစ်မဲ့တဲ့ ဒီဖမ်းဆီးခံ ဓားစာခံတွေနဲ့ ဘယ်လိုမှ ပတ်သတ်မှု မရှိဘူးဆိုပြီးတော့ သူကပြောပါတယ်။ သူ့သားဟာ ဆီးရီးယားနိုင်ငံတွင်းက ဒုက္ခတွေ၊ အခက်အခဲတွေ ရင်ဆိုင်နေရတဲ့သူတွေအကြောင်း ကမ္ဘာကသိအောင် ဆောင်ရွက်ရင်း အသက်ပေးသွားခဲ့ရတာ ဖြစ်တယ်ဆိုပြီး Diane က သူ့ရဲ့ facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

ISIL အဖွဲ့ကတော့ နောက်ထပ် အမေရိကန် သတင်းထောက် တစ်ဦးဖြစ်တဲ့၊ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှာ ပျောက်သွားခဲ့တဲ့ Steven Sotloff ကို ခေါင်းဖြတ်ဦးမယ်လို့လည်း အခု ဗွီဒီယိုခွေထဲမှာ ပြောသွားခဲ့ပါတယ်။

XS
SM
MD
LG